သူငယ်ချင်းတို့ရေ http://www.myanmarreader.co.cc/ ကိုအိမ်ပြောင်းလိုက်ပြီးနော် ကျေးဇုးပြုပြီး အဲ့ဒီနေရာကို လာရောက်ခဲ့ကြပါလို့ ပြောကြားအပ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်...

Cat Man



လင်းနို့လူသားတို့၊ ပင့်ကူလူသားတို့ ရှိသလို ကြောင်လူသားလဲရှိပါတယ်။ အဲ့ဒီလူကတော့ Dennis Avner ဖြစ်ပြီး သြဂုတ်လ ၂၇ ၁၉၅၈ မှာ အမေရိကန်မှာမွေးဖွားခဲ့ပြီး အများကတော့ ကြောင်လူသားလို့ သိကြပါတယ်။ မျက်နှာကို ဒေါ်လာ နှစ်သိန်း အကုန်အကျခံပြီး နတ်ကျား ပုံစံခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ ထိုနောက် သွားများပြုပြင်ခြင်း၊ ကျား နှုတ်ခမ်းမွှေးများစိုက်ခြင်း၊ ဆံပင်ပြုပြင်ခြင်းနှင့် ဆေးမှင်ကြောင် ထိုးခြင်းတို့ဖြင့် ကျားတစ်ကောင်နဲ့တူအောင် ဖန်တီးခဲ့ပါတယ်။ အစိမ်းရောင် အစင်းကြား ဝတ်စုံများကို ဝတ်ဆင်ပါတယ်။ ပါး၊ နှုတ်ခမ်း နှင့် မေးစေ့တို့မှာလဲ ဆီလီကွန်ထိုးထားပါသေးတယ်။ လျှာကိုလဲ ပြုပြင်ခဲ့ပါတယ်။
တော်တော်ခက်တဲ့လူဘဲ လူဖြစ်နေရင်တောင် တိရိစ္ဆာန်ဘဝ ပြန်ရောက်ခြင်နေသေးတယ်။ လုပ်တော့လဲ ကျားနဲ့တူအောင်လုပ်ပေမဲ့ လူတွေကတော့ ကြောင်လူသားဘဲ ခေါ်ကြတယ်။

အောက်မှာပုံနဲ့ ဗီဒီယိုဆက်လက်ကြည့်ရှု့နိုင်ပါတယ်။









ဆက်လက်ဖတ်ရှုရန်...

Who, me? and Anti-tank dogs

Who, me?


Who, me? ဟာ ထိပ်တန်းလျို့ဝှက်တဲ့ ကန့် အနံ့ လက်နက်တစ်မျိုးဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ အမေရိကန် နည်းဗျူဟာ ရုံးမှ ဂျာမန် အရာရှိတွေကို ရှင်းဖို့ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ အထုတ်ဖြင့်ထုတ်ပိုးထားနိုင်ပြီး အလွန်ပြင်ထန်သော မစင်အနံ့ နံပြီး ဒီအနံ့ပြန့်နှံခြင်းကို ထိန်းချူပ်နိုင်ဖို့လိုပါတယ်။ ဒီအနံ့ဟာ အလွန်ဖျောက်ဖျက်ရခက်ပြီး တိုက်ခိုက်ခံလိုက်ရတဲ့ လူတစ်ယောက်ဟာ ဆိုရင် နှစ်ပါတ်ကြာပြီးအချိန်မှာတော့ အလိုလိုနေပြီး ဝမ်းနည်းကာ စိတ်ဓါတ်ကျဆင်းလာပြီး နောက်ဆုံး မှာ ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒီပစ္စည်းကိုတော့ အမှိုက်ပုံးထဲမှာထည့်ထားခြင်း၊ လမ်းကြားများမှာလွှင့်ပစ်ခဲ့ခြင်း တို့ဖြင့် ဖြန့်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြံဥာဏ်ကို တင်ပြသူကတော့ Pam Dalton ဆိုတဲ့ ဓါတု အနံ့ ဌာနက ပုဂ္ဂိုလ် တစ်ဦးဘဲဖြစ်ပါတယ်။

Anti-tank dogs

Anti-tank dogs ဆိုတဲ့တိုက်ခိုက်နည်းကတော့ အားလုံးသိထားကြတဲ့အတိုင်း ခွေးမှာ ဗုံး/မိုင်း များကို တပ်ဆင်ပြီး တိုက်ခိုက် တဲ့နည်းဘဲဖြစ်ပါတယ်။ တင့်ကားများ၊ လက်နက်တင်လာတဲ့ကားများ နှင့်မိမိတိုက်ခိုက်လိုတဲ့ ကားများကို လေ့ကျင့် သင်ကြားပေးထားတယ် ခွေးများကို ဆာလောင်အောင်ပြုလုပ်ပြီး တိုက်ခိုက် ပျက်စီးစေတာဖြစ်ပါတယ်။ ဒီခွေးတွေကတော့ ဒုတိယကမ္ဘာစစ်မှာ ဆိုဗီယက် ပြည်ထောင်စုက ဂျာမဏီ တင့်ကားတွေကို တိုက်ခိုက်ဖျက်စီးဖို့ အတွက် သီးသန့်မွေးထားခဲ့တဲ့ ခွေးတွေဘဲဖြစ်ပါတယ်။ ခွေးတွေကို ရက်တော်တော်များများ အစာမကျွေးဘဲ အငတ်ထားကာ ပြီးနောက်မှာ တင့်ကားတွေ အောက်မှာ အစာထားပြီး ရှာတတ်အောင်လေ့ကျင့်ပေးခဲ့ခြင့်ဖြစ်ပါတယ်။ တကယ့်စစ်မြေပြင်မှာတော့ တင့်ကားအောက်မှာ အစာခြ လေ့ကျင့်ပေးထားတဲ့ခွေးကို အငတ်ထား ဆာလောင်အောင်ပြုလုပ်ပြီး လုပ်ပြီး ဗုံးတပ်လွတ်ပေးလိုက်ခြင်းဘဲဖြစ်ပါတယ်။ ဒီနည်းဖြင့် ဆိုဗီယက်ပြည်ထောင်စုနိုင်ငံဟာ ဂျာမဏီ သံချပ်ကာတင့်ကားပေါင်း အစင်းရေ ၃ဝဝ ကျော်ကို ဖျက်စီးပြစ်နိုင်ခဲ့ပါတယ်။ ဒီခွေးတွေနဲ့ နာဇီတွေကို ကောင်းကောင်း ဆုံးမပြီး ပြသနာတက်စေခဲ့တာပါဘဲ။ အဲ့ဒီနောက်မှာတော့ ဂျာမန် စစ်သားတိုင်းကို တွေ့သမျှခွေးအကုန်ပစ်သတ်ဖို့အမိန့်ထုတ်ခဲ့သိလို တင့်ကားရဲ့ အပေါ်ဖက်မှာ ပြေးလာတဲ့ခွေးတွေကို မီးစ နဲ့ပစ်ပြီး တန့်သွားအောင် ခြောက်လှန့် ခဲ့ပါတယ်။ ဒီနည်းဟာ တော်တော်လေးအောင်မြင်ပေမဲ့ တချို့ခွေးတွေကတော့ မရပါဘူး။ ဒီနည်းကို ဆိုဗီယက်ပြည်ထောင်စု ရုရှားဟာ ၁၉၉၆ ခုနှစ် ဇွန်လမှ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။


ဆက်လက်ဖတ်ရှုရန်...

မက္ကဆီကိုက ဘိန်းရာဇာတစ်ယောက်ကို မိတုန်းက ဘယ်လောက်ချမ်းသာလဲဆိုတာကြည့်

.

ရွှေသေနတ်

အောက်မှာပုံတွေဆက်ကြည့်လို့ရသေးတယ်နော်




ရွှေကျည်ဆံ






အိမ်မှာ တိရိစ္ဆာန်ရုံရှိတယ်





ဆက်လက်ဖတ်ရှုရန်...

တောင် အာဖရိကရှိ ဂန္ဒီနေထိုင်ခဲ့သော အိမ်ကို ရောင်းချမည်


1900 ပြည်လွန်နှစ်များက အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနေထိုင်ခဲ့သော တောင် အာဖရိကရှိ နေအိမ်တစ်လုံးကို ရောင်းချတော့မည်ဖြစ်သည်။ ဂန္ဒီနေထိုင်ခဲ့သော ယင်းအိမ်အား အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်ခဲ့သော်လည်း စိတ်ပါဝင်စားမှုမရှိသဖြင့်ရောင်းချရန် စီစဉ်ရခြင်းဖြစ်သည်။ ဂန္ဒီသည် ၎င်း၏ အကြမ်းမဖက်ရေး လမ်းစဉ်ကို စတင် ကျင့်သုံးခဲ့သော တောင်အာဖရိက၌ 1907 ခုနှစ်က စတင်ကျင့်သုံးခဲ့သော တောင်အာဖရိကရှိ 1907 ခုနှစ်ကစ၍ယင်းအိမ်၌သုံးနှစ်ကြာအခြေချနေထိုင်ခဲ့သည်။ ဂန္ဒီသည် ရှေ့နေနှင့် နိုင်ငံရေး လှုပ်ရှားသူအဖြစ် တောင်အာဖရိကတွင် 21 နှစ်ကြာ ကျင်လည်ခဲ့သူဖြစ်သည်။ တောင်အာဖရိကရှိ အိန္ဒိယလူအဖွဲ့အစည်းနှင့် ပညာရေးအသိုင်းအ၀န်းကြားတွင်ဂန္ဒီနေထိုင်ခဲ့သောအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းခဲ့သော်လည်း စိတ်ဝင်စားမှုမရှိသဖြင့် ပုဂ္ဂလိကလက်ထဲသို့ ရောင်းချရန် ကမ်း လှမ်းရခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင်ဖြစ်သူကဆိုသည်။ (ဘီဘီစီ)


ဆက်လက်ဖတ်ရှုရန်...

Gay bombs (အခြောက်ဗုံး) နှင့် Bat Bomb (လင်းနို့ဗုံး)

Gay bombs (အခြောက်ဗုံး)

ဒီဗုံးကတော့ သီအိုရီအရတော့ လူကို မသေစေနိုင်တဲ့ ဓါတုဗေဒ ဗုံးတစ်မျိုးဘဲဖြစ်ပါတယ်။ ဒါကိုတော့ အမေရိကန် လေတပ်က စူးစမ်း ရှာဖွေတွေ့ရှိပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၄ မှာ လူကိုသေစေနိုင်တဲ့ ဓါတုဗုံး မဟုတ်ဘူးလို့ တင်ပြခဲ့ပြီး နောက်ပိုင်းမှာ ထုပ်လုပ်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဗုံးရဲ့ ဓါတ်ငွေ့ကို ခံရတဲ့ သူဟာ အလွန်ပြင်းထန်တဲ့ လိင်ဆက်ဆံလိုတဲ့စိတ် ဖြစ်လာပြီး စစ်ပွဲကို အာရုံ ပြောက်ပြီး ရှေ့တန်းမှာ ရှိတဲ့ မိမိစစ်သားအခြင်းခြင်း လိင်ဆက်ဆံပြီး ပြသနာတက် ရှုပ်ထွေးအောင် ပြုပ်လုပ်ခြင်းဘဲဖြစ်ပါတယ်။ လူကိုမသေစေနိုင်ပေမဲ့ တော်တော် ဆိုးတဲ့ဗုံးဘဲဖြစ်ပါတယ်။

Bat Bomb (လင်းနို့ဗုံး)

Bat ဗုံးကတော့ အလွန်သေးငယ်ပြီး လင်းနို့မှ သယ်ဆောင် တိုက်ခိုက်တဲ့ မီးလောင်ဗုံးတစ်မျိုးဘဲဖြစ်ပါတယ်။ အမေရိကန်ဟာ ဒုတိယ ကမ္ဘာစစ်မှာ ဂျပန်ရဲ့ အဓိက မြို့တော်တွေကို တိုက်ခိုက်ဖို့ ဒီဗုံးကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဗုံးထုပ်လုပ်နိုင်တဲ့ အကြောင်းအရင်းလေးချက်ကတော့ (၁) တက်ခ်ဆက် မှာရှိတဲ့ ဥမင်လှိုင်ဂူ လေးခုမှာ သန်းပေါင်းများစွာ ပေါက်ဖွားတည်ရှိနေခြင်း၊ (၂) လင်းနို့ဟာ သူ့အတောင်ပေါ်မှာ သူ့တို့ရဲ့ ခန္ဓာကိုယ်ထက် လေးတဲ့အရာဝတ္တုကိုတင်ပြီး ပျံသန်းနိုင်ခြင်း (လင်းနို့အမများဟာ မိမိရဲ့သားငယ်ပေါက်များကို အတောင်မှာတင်ပြီး ပျံသန်းနိုင်ခြင်း)၊ (၃) ဆောင်းခိုတတ်ခြင်း နှင့် (၄)ညဖက်မှာပျံသန်းအစာရှာ ပြီး နေခင်းဖက်မှာ မီလောင်လွယ်တဲ့နေရာတွေမှာ နားခိုတတ်ခြင်း စသည့် အကြောင်းအရင်း ၄ ချက်ကြောင့်ဖြစ်ပါတယ်။
Bat Bomb ထုတ်လုပ်ပြီး ဗုံးတွေ အတောင်မှာ တပ်ဆင်ထားတဲ့ လင်းနို့တွေကို ညဖက်မှာလွတ်ပြီး ဂျပန်နိုင်ငံက စက်မှု့ဇုန်တွေ ကို တိုက်ခိုက်ဖို့ဘဲဖြစ်ပါတယ်။ ညဖက်မှာလွတ်လိုက်ရင် လင်းနို့တွေဟာ ပျံသန်း ပြန့်နှံသွားပြီး အာရုံတက်အချိန်မှာ စက်ရုံနဲ့ အဆောက် အုံတွေမှာ နားခို ပုန်းအောင်းမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ လင်းနို့ အတောင်မှာတပ်ဆင်ပေးလိုက်တဲ့ ချိန်ကိုက်ဗုံးတွေ နေရာ အနှံ့မှာ ထပေါက်ကွဲကာ မီးလောင်ပြီး ဝရုန်းသုန်းကားဖြစ်မှာဖြစ်ပါတယ်။ ဒီဗုံးကို သွားဆရာဝန် Lytle S. Adams က ၁၉၄၂ ဇန်နဝါရီလ မှာ သမ္မတအိမ်ဖြူတော်ကို တင်ပြခဲ့တာဖြစ်ပြီး သမ္မတ Roosevelt Adams ကထောက်ခံပြီး လင်းနို့များကိုစုစောင်းထုတ်လုပ် ဖို့ ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။




ဆက်လက်ဖတ်ရှုရန်...

ပါလစတိုင်က ရိုးရာ သဲဖုန်းပြီး ရောဂါကုနည်း



ပါလစတိုင်းမှာ နာကျင်တဲ့နေရာတွေကို သဲနဲ့ပွတ်ပြီး ကုသနေခြင်းဖြစ်ပါတယ်။ ဒီပုံကတော့ ၁၇/၇/၂ဝဝ၉ ဂါဇာ တောင်ပေါင်း မှာ က Khan Younis ကမ်းခြေမှာဖြစ်ပါတယ်။ နာကျင်တဲ့ အရေပြားနဲ့ ကြွက်သားတွေကို ရိုးရာနည်း သဲပွတ်၊ သဲဖုန်း ကုသခြင်းဖြစ်ပါတယ်။

အောက်ပုံများဆက်လက်ကြည့်ရှု့နိုင်ပါတယ်။





ဆက်လက်ဖတ်ရှုရန်...

T72 သံချပ်ကာ ကားဧ။် စွမ်းရည်များ

T72

တီ-၇၂ သံချပ်ကာယာဉ်သည် ဆိုဗီယက်တပ်မတော်၏အဓိကအသုံးပြုခဲ့သော တိုက်ပွဲ ၀င်သံချပ်ကာယာဉ်ဖြစ်ပါသည်။ ၁၉၇၀ မှ ဆိုဗီယက်ယူနီယံ ပြိုကျသည့် ၁၉၉၁ ထိ ဆိုဗီယက်တပ်မတော်တွင်အသုံးပြုခဲ့ပါသည်။ တီ-၇၂ ကို ယူကရိန်း၊ ခါကော့ (Kharkov)ဒေသရှိ ထုတ်လုပ်ရေးစခန်းမှာထုတ်လုပ်ပါသည်။ နိုင်ငံအချို့ မှ လိုင်စင်ယူပြီး ထုတ်လုပ် သလို လိုင်စင်မယူဘဲ ပုံတူပွားတာလည်းရှိပါသည်။ ချက်ကိုစလိုဗားကီးယား၊ ပိုလန်၊ ယူဂိုဇလားဗီးယား နှင့်အိန္ဒိယ နိုင်ငံများသည် တရားဝင် လိုင်စင်ယူပြီး ထုတ်လုပ်သောနိုင်ငံများဖြစ်ပါသည်။

တီ-၇၂ သည် အရင် မော်ဒယ် တီ-၆၂ ထက်လျှင်မြန်ဖြတ်လတ်ပြီး မြင်းကောင်ရေ ၇၈၀ အားရှိသော V-12 ဒီဇယ်အင်ဂျင် ကိုသုံးပါသည်။ အင်ဂျင်တုန်ခါမူ့နည်းသဖြင့် စစ်သည်များ သက်တောင့်သက်သာရှိစေပါသည်။ တီ-၆၂ ထက်အမြောက်ဒဏ် ခံနိုင်ရည်ရှိပြီး၊တီ-၇၂အမ် နှင့် တီ-၇၂ အမ်ဝမ်းသည် ၁၀၅ မမ အမြောက်တပ်ဆင်ထားသော အမေရိကန်လုပ်
M1 Abram သံချပ်ကာ၏ ပစ်ခတ်ချင်းကိုခံနိုင်ရည်ရှိပါသည်။

ဆုံလည်မြောက်သည် ၂၈၀ မီလီမီတာ ( ၁၁ လက်မ) ထိထူပြီး ထိပ်ဖျားတွင် ၈၀ မီလီမီတာ (၃.၁၅ လက်မ) အထူရှိပါသည်။ ၁၂၅ မမ အမြောက်တပ်ဆင်ထားပြီး ၎င်း သံချပ်ကာယာဉ်သည် မီတာ ၁၀၀၀ အတွင်း အမေရိကန်လုပ် M1 Abram သံချပ်ကာ ကို ပစ်ခတ်ဖျက်ဆီးနိုင်ပါသည်။ မောင်းနေရင်း ဆက်တိုက်အမြောက်ပစ်နိုင်ပြီး ပစ်မှတ်ရှာ
ရန်အတွက် အနီအောက်ရောင်ခြည် ကို အမြောက်၏ညာဖက်တွင်တပ်ဆင်ထားပြီး ပစ်မှတ် အကွာအဝေးသိရန် လေဆာရောင်ခြည် တိုင်းကရိယာတပ်ဆင်ထားပါသည်။

ယာဉ်၏အလေးချိန်သည် ၄၁ တန်သာရှိသဖြင့် သံချပ်ကာ ထဲတွင်အလွန်ပေါ့ပါးသော ယာဉ် ဖြစ်သဖြင့် တံတားဖြတ်သည့်အခါ အလွန်အဆင်ပြေပါသည်။ ၁၆ ပေ နက်သော မြစ်ချောင်းများဖြတ်ပြီး ရေထဲတွင်စက်ရပ်သွားပါက ၆ စက္ကန့်အတွင်း စက်ပြန်နိုးနိုင်ပါသည်။ ၆ စက္ကန့်အတွင်း စက်ပြန်မနိုးနိုင်ပါက အင်ဂျင်ထဲသို့ရေ၀င်နိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။

တီ-၇၂ သည် နူကလီးယား၊ ဇီဝ နှင့် ဓါတုဗေဒ လက်နှက် ဖြင့်တိုက်ခိုက်ခြင်းကို ခံနိုင်ရည် ရှိအောင်တည်ဆောက်ထားပါသည်။ ဆုံလည် နှင့် အဖုံး၏အတွင်းပိုင်းကို ဗိုရွန် ( Boron) ဖြင့်လုပ်ထားသော ဆင်သဲတစ်ဖိုင်ဘာ ( Synthetic Fabric) ဖြင့်ပြုလုပ်ထားသဖြင့် နူထရွန်ဗုံး ( Neutron bomb) မှထွက်သော ဓါတ်ရောင်ခြည်ကို လျှော့ချစေပါသည်။ အ
တွင်းခန်းစစ်သည်များအတွက်လေကို အထပ်ထပ်သန့်စင်ထားပါသည်။ ညစ်ညမ်းသောပြင် လေများသည် ဘယ်ရင် (Bearing)၊ အဆက် (Joint) များ မှတဆင့် အတွင်းသို့မ၀င်နိုင် အောင်လေဖိအားထားရှိ ပြီးကာကွယ်ထားပါသည်။ သို့သော်လည်းပြည်ပကိုရောင်းချ သော သံချပ်ကာ၏အရည်အသွေးကိုမူ လျှော့ချထားပါသည်။

ရုရှားပြည်ထောင်စုတွင် တီ-၇၂ သံချပ်ကာယာဉ် ၅၀၀၀ ရှိပါသည်။ ၂၀၀၀ ကိုလက်ရှိသုံးနေပြီး ၃၀၀၀ ကိုအရန်ဖြင့် ထားရှိပါသည်။ တီ-၇၂ ၏ ၁၂၅ မမ အမြောက်သည်မည်သည့် ခေတ်မှီသံချပ်ကာ ကိုမဆို ဖျက်ဆီးနိုင်သည်ဟု အနောက်တိုင်းအုပ်စုက ယုံကြည်ကြပါ သည်။ သို့သော်လည်း တီ-၇၂ ပါဝင်ခဲ့သော စစ်ပွဲများဖြစ်သည့်၁၉၈၂ လက်ဘနွန်-အစ္စရေး
၁၉၉၁ ပထမ အီရတ်စစ်ပွဲတွင် ထိပ်တိုက်တွေ့သော အမေရိကန်တပ်မှ M1 Abram သံချပ်ကာ နှင့် ဗြိတိသျှ၏ ချယ်လင်ဂျာ သံချပ်ကာ တိုက်ပွဲနှင့် ၂၀၀၃ ဒုတိယ အီရတ်စစ် ပွဲများတွင် တီ-၇၂ သံချပ်ကာ ၏အောင်မြင်မူ့သည် အနည်းငယ်သာရှိခဲ့ပါသည်။ အီရတ်စစ် ပွဲများတွင် တီ-၇၂ သံချပ်ကာ၏ ရှုံးနိမ့်မူ့သည် အီရတ်ရဲဘော်များ၏ လေ့ကျင့်မူ့နည်းပါးခြင်း
နှင့် အမေရိကန်၏လေတပ်အင်အား သာလွန်မူ့ကြောင့်ဟု ကျွမ်းကျင်သူများက သုံးသပ် ထားပါသည်။

BTR-3U Light Tank

တီ-၇၂ ပုံစံရေးဆွဲသူမှာ ရုရှားမှ Kartsev Venediktov ဖြစ်ပြီးအစင်းရေပေါင်း ၂၅၀၀၀ ကျော်ထုတ်လုပ်ပြီးဖြစ်ပါသည်။ အလျား ၃၁ပေ ၃လက္မ၊ အကျယ် ၁၁ပေ ၉လက္မ၊ အမြင့် ၇ပေ ၄လက္မ ရှိပြီး စစ်သည် ၃ ဦးတာဝန်ထမ်းဆောင်ရပါသည်။ အဓိကလက်နက်မှာ ၁၂၅ မမ အမြောက်ဖြစ်ပြီး အရံဖြင့် ၇.၆၂ မမ စက်သေနတ်နှင့် ၁၂.၇ မမ လေယာဉ်ပစ်သေနတ်
တွေတပ်ဆင်ထားပါသည်။ ဆီတိုင်ကီမှာ ၁၂၀၀ လီတာ (အမေရိကန်ဂါလန် ၃၂၀) ဆန့် ပြီး ၄၆၀ ကီလိုမီတာ ( ၃၂၀ မိုင်) ထိ ခရီးသွားနိုင်ပါသည်။ အပိုဆီတိုင်ကီ တင်ဆောင်ပါ က ၇၀၀ ကီလိုမီတာ ( ၄၃၀ မိုင်) ထိ ခရီးသွားနိုင်ပါသည်။ အမြန်နှုံး တစ်နာရီလျှင် ၈၀ ကီလိုမီတာ (၅၀ မိုင်) ထိပြေးနိုင်ပါတယ်။ မြန်မာ့တပ်မတော်မှ တီ-၇၂ သံချပ်ကာ ၁၃၉
စင်းကျော်ကို ၂၀၀၃ ခုနှစ်လည်တွင် ယူကရိန်းမှဝယ်ယူခဲ့ပါသည်။ ထို့အပြင်အပေါ့စား သံချပ်ကာ BTR-3U အစင်း ၁၀၀၀ ကို ၂၀၁၃ မတိုင်မှီ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်ရန် မြန်မာစ်အစိုးရ နှင့် ယူကရိန်းအစိုးရတို့ သဘောတူညီမူ့ ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ် တွင် အိန္ဒိယမှအသုံးမပြုသောတီ-၅၅ သံချပ်ကာ (အရေအတွက်မသိ)ကိုလွှဲပြောင်းပေးခဲ့ပါသည်။
မြန်မာတပ်မတော်တွင် သံချပ်ကာ အပါအ၀င် တိုက်ပွဲဝင် ယာဉ်ပေါင်း ၅၂၀၀ ခန့်ရှိပါသည်။



Mr. Weapon



ဆက်လက်ဖတ်ရှုရန်...

တိုင်းပြည်ကို အကျိုးပြုခဲ့သော စစ်ခွေးများ


တပ်ကြပ်ကြီး Stubby နဲ့သူရခဲ့သော ဆုတံဆိပ်များ


အမေရိကန်နိုင်ငံက ပထမဆုံး စစ်ခွေး အမည်ကတော့ Stubby ဖြစ်ပြီး ၁၈ လအတွင်းမှာ တိုက်ပွဲ ၁၇ ကို ပါဝင်အမှု့ထမ်းဆောင်ခဲ့ ပါတယ်။ ၁၉၁၈ ဖေဖော်ဝါရီလမှာ တပ်ရင်းတစ်ခုလုံးကို အံ့သြသင့်ဖွယ်ရာ ဓါတ်ငွေ့ဖြင့် တိုက်ခိုက်ခြင်းရန်ကနေကယ်တင်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်မှာ တပ်ကြပ်ကြီးရာထူး တိုးမြှင့်ခြင်းကိုခံရပြီး ဆုအများဆုံးရတဲ့ ခွေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရလို့ အနားပေးထားတဲ့အချိန်မှာတောင်မှ စစ်မြေပြင်မှ သတင်းများကိုသယ်လာပေးခြင်း၊ ဂျာမန် ထောက်လှမ်းရေးတစ်ယောက် ချုံပုတ်ထဲ မှာ ပုန်းအောင်းနေတာကို ဖမ်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ထိုင်နေရင်းနဲ့ ခြုံပုတ်ထဲက အသက်ရှုးသံ ကိုကြားလို့ဆင်းသွားပြီး ခြုံပုတ်ကို အဆက်မပြတ်ဟောင်နေကာ အသိပေးခဲ့ပါတယ်။ အဲ့ဒီဂျာမန်က ပြေးမယ်လုပ်တဲ့အချိန်မှာတော့ မပြေးနိုင်အောင် Stubby က သူ့ရဲ့ခြေထောက်ကို လှမ်းကိုက်ပြီး လဲကျစေခဲ့ပါတယ်။ ထိုမှတဆင့် လက်၊ ခန္ဓာကိုများကို ဆက်လက်တိုက်ခိုက်ပြီး နောက်ဆူညံသံကြောင့် စစ်သားများထွက်လာချိန်မှာတော့ ဂျာမန် ထောက်လှမ်းရေးကို ဖမ်းဆီးရမိခဲ့ပါတော့တယ်။ သူဟာ အမေရိကန် စစ်တပ်ထဲမှာ ပထမဆုံး အရာထူးအမြှင့်ဆုံးရတဲ့ ခွေးတစ်ကောင် အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ စစ်ပွဲအပြီးမှာတော့ အမေရိကန် နိုင်ငံ Georgetown တက္ကသိုလ်မှာ သူ့သ္ခင်နဲ့ အတူနေထိုင်ပြီး ၄/၄/၁၉၂၆ မှာတော့ ရောဂါတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။


Rags
Rags လို့အမည်ရတဲ့ တယ်ရီယာစပ် ခွေးကတော့ ပထမကမ္ဘာစစ် ပြင်သစ်နိုင်ငံ ရှေ့တန်းခြေလျင်တပ်ရင်း တစ်ခုရဲ့ လာဒ်ကောင်လေးဘဲဖြစ်ပါတယ်။ ၁၉၁၇ မှာ စပြီးပြင်သစ်တပ်မတော်တွင် အမှု့ထမ်းခဲ့ကာ ၁၉၃၁ သေဆုံးခဲ့ပါတယ်။ သူရဲ့တာဝန်ကတော့ ရှေ့တမ်းမှ စာတွေကို နောက်တမ်းကိုပို့ပေးရတာဖြစ်ပါတယ်။ သူရဲကောင်းခွေးတစ်ကောင်ဖြစ်ခဲ့တာကတော့ ၁၉၁၈ Meuse-Argonne ပွဲမှာ ရှေ့တမ်းမှာ ပြင်သစ်တပ်တွေဟာ အရေးနှိမ့်နေတဲ့အချိန်မှာ သူနဲ့ စာပို့ခိုင်းပြီး နောက်တမ်းကို စစ်ကူတောင်းခဲ့ပါတယ်။ Rags ဟာ စာကိုသယ်ယူလာစဉ်မှာ ဗုံးကျင်းထဲကျပြီး ဓါတ်ငွေ့သင့်ကာ မျက်လုံးနှစ်လုံးစလုံး သေတဲ့အထိ ကောင်းကောင်းမမြင်ရတော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုမုန်ဝါးဝါး နဲ့ ကျင်းထဲက ကျိုးစားထွက်ပြီး သူ့လုပ်ရမဲ့တာကို ကျေပွန်စွာထမ်းဆောင်ခဲ့ပါတယ်။ ၁၉၂ဝ မှာတော့ ဗိုလ်မှုးကြီး Raymond W. Hardenberg ကသူကို မွေးစားခဲ့ပါတယ်။ နောက်သေဆုံးသွားတဲ့အချိန်မှာတော့ Aspen အာဇာနည် ကုန်းမှာ မြေမြှုပ်ခဲ့ပါတယ်။




ဆက်လက်ဖတ်ရှုရန်...

ပထမဆုံး လက်နှစ်ဖက်လုံးမရှိဘဲ လေယာဉ်မောင်းသူ

Jessica Cox

အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။ သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။ အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ ခြောက်လလောက် သူရဲ ကိုယ်အလေးချိန်ကို လျှော့ခဲ့ရပြီး အဆင့်သုံးဆင့်ကို သင်ကြားပြီး ၈၉ နာရီ လေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့ လေယာဉ်မောင်းလိုင်စင် ရရှိသွားတဲ့ ပထမဆုံး လက်နှစ်ဖက် မရှိတဲ့ လေယာဉ်မောင်းသူ တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

အောက်မှာ ပုံနဲ့ ဗီဒီယိုလေး ဆက်ကြည့်လိုက်ပါအုံး

ဒီလို ကွန်ပြူတာ သုံးပါတယ်။


ဒီလို လိုင်နာ ဆွဲပါတယ်။ (သူလဲ မိန်းခလေးဘဲ လှခြင်တာပေါ့)


ဒီလို ခေါင်းဖီးပါတယ်။


စာရေးတော့လဲ ဒီလိုဘဲ

ဒီလိုမျိုးလည်း ကားမောင်းတတ်တယ်
လက်နှစ်ဖက်ရှိတာတောင် သူ့လိုလေယာဉ်မမောင်းတတ်သူတွေအများကြီး

နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့ သေသွားမယ်




ဆက်လက်ဖတ်ရှုရန်...

တရက်ကို လူပေါင်း ၂ဝဝဝ ခန့် သီရိလင်္ကာနိုင်ငံမှာ ခွေးကိုက်ခံရ

သီရိလင်္ကာ အင်္ဂလိပ်သတင်းစာတစ်စောင်ကနေ ထုတ်ပြန်ချက်တစ်ခုကတော့ သီရိလင်္ကာနိုင်ငံမှာ တစ်ရက်ကို လူအယောက်ပေါင်း .
.
၂ဝဝဝ လောက်ဟာ ခွေးကိုက်ခြင်းခံနေရတယ်လို့ရေးသားခဲ့ပါတယ်။ ကျန်းမာရေးဝန်းကြီး ဒီ ၂ဝဝ၉ ပထမခြောက်လ အတွင်းမှာ ခွေးရူး ရောဂါကြောင့် ဆေးကုသတဲ့လူနာ ၂ဝ၅ ယောက်ထဲမှာ ၂၈ယောက်ဟာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂ဝ၅ ရောက်ထဲက ၁၇၂ ယောက်ဟာ ခွေးဆီက အကြောင်းအမျိုးမျိုးကြောင့် ကူးလာခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကို သိရိလင်္ကာအစိုးရအနေနှင့် ရူပီးငွေ သန်းငါးရာ (အမေရိကန်ဒေါ်လာ ၄.၃၁သန်း) ခန့်ကို ခွေးကိုက်ခံခဲ့ရတဲ့ လူနာတွေအတွက်သုံးစွဲခဲ့ရပါတယ်။ တစ်ယောက်အတွက် ပျှမ်းပျ ကုန်ကငွေကတော့ အမေရိကန်ဒေါ်လာ ၃၃၆.၂ ဒေါ်လာခန့်ဖြစ်ပါတယ်။ ထိုအတောအတွင်းမှာတော့ အစိုးရအနေနဲ့ ခွေးပေါက်ဖွားနှုန်းကို ထိန်းချူပ်နိုင်ဖို့ ရူဘီ သန်း ၂ဝဝ ကို အသုံးချခဲ့ပါတယ်။ အကိုက်ခံရတာလဲမပြောနဲ့လေ သီရိလင်္ကာနိုင်ငံလို ကျွန်းသေးသေးလေးမှာ ခွေးအကောင်ရေပေါင်း ၂သန်းခွဲ ရှိပြီး ၄ဝ ရာခိုင်နှုန်းက ခွေးလေခွေးလွင့်တွေ ဖြစ်ပါတယ်။

(တရုတ်ကို တင်သွင်းလိုက်ရင်ပိုက်ဆံတောင်ပြန်ရလာအုံးမယ်)



ဆက်လက်ဖတ်ရှုရန်...

ဗိုင်းရက်စ် အသစ်တမျိုး

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
(အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
file နဲ့ mail လာပါလိမ့်မယ်။ မေးက
ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn
တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
ဝင်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက mckafee
company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out
လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။
အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီmail ကိုကိုယ့်သူငယ်ချင်းတွေဆီforward
လုပ်ပေးပါ ။

ဘော်ဒါတွေကို ထပ်ပြီး ဖြန့်ပေးပါနော်

email မှ တဆင့် ဖော်ပြပါသည်။


ဆက်လက်ဖတ်ရှုရန်...

ဘာလင်မြို့ shopping mall တခုထဲက မိုက်ကယ်ဂျက်ဆင် သဲရုပ်ထု

.



ဆက်လက်ဖတ်ရှုရန်...

ဒီငါးတွေကို သင်မြင်ဖူးလား




ဆက်လက်ဖတ်ရှုရန်...

ထူးထူးဆန်းဆန်း ဟိုတယ်များ

ဆွီဒင်က ရေမျှော ဟိုတယ်


အင်္ဂလန်က သဲ ဟိုတယ်


မက္ကဆီကိုက တောနက် ဟိုတယ်


ကနေဒါက ရေခဲ ဟိုတယ်


ဂျပန်က အလုံပိတ် ဟိုတယ်



ဟော်လန်က အသက်ကယ်ဘော ဟိုတယ်



တူရကီက လှိုင်ဂူ ဟိုတယ်(မြန်မာနိုင်ငံမှာလဲ ဒီလိုဟိုတယ်မျိုးဆောက်ဖို့ကြံနေတယ်)


ဆွီဒင်က လေယာဉ် ဟိုတယ်


အိန္ဒိယက သစ်အိမ် ဟော်တယ်


ဂျာမဏီက ထောင် ဟိုတယ်


ဖူဂျီက ရေအောက် ဟိုတယ်


သြစတေးလျက ရေပိုက်လုံး ဟိုတယ်


ဆက်လက်ဖတ်ရှုရန်...