တောင် အာဖရိကရှိ ဂန္ဒီနေထိုင်ခဲ့သော အိမ်ကို ရောင်းချမည်


1900 ပြည်လွန်နှစ်များက အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီနေထိုင်ခဲ့သော တောင် အာဖရိကရှိ နေအိမ်တစ်လုံးကို ရောင်းချတော့မည်ဖြစ်သည်။ ဂန္ဒီနေထိုင်ခဲ့သော ယင်းအိမ်အား အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် အဖွဲ့အစည်းတစ်ခုကို ဆက်သွယ်ခဲ့သော်လည်း စိတ်ပါဝင်စားမှုမရှိသဖြင့်ရောင်းချရန် စီစဉ်ရခြင်းဖြစ်သည်။ ဂန္ဒီသည် ၎င်း၏ အကြမ်းမဖက်ရေး လမ်းစဉ်ကို စတင် ကျင့်သုံးခဲ့သော တောင်အာဖရိက၌ 1907 ခုနှစ်က စတင်ကျင့်သုံးခဲ့သော တောင်အာဖရိကရှိ 1907 ခုနှစ်ကစ၍ယင်းအိမ်၌သုံးနှစ်ကြာအခြေချနေထိုင်ခဲ့သည်။ ဂန္ဒီသည် ရှေ့နေနှင့် နိုင်ငံရေး လှုပ်ရှားသူအဖြစ် တောင်အာဖရိကတွင် 21 နှစ်ကြာ ကျင်လည်ခဲ့သူဖြစ်သည်။ တောင်အာဖရိကရှိ အိန္ဒိယလူအဖွဲ့အစည်းနှင့် ပညာရေးအသိုင်းအ၀န်းကြားတွင်ဂန္ဒီနေထိုင်ခဲ့သောအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်ကြိုးပမ်းခဲ့သော်လည်း စိတ်ဝင်စားမှုမရှိသဖြင့် ပုဂ္ဂလိကလက်ထဲသို့ ရောင်းချရန် ကမ်း လှမ်းရခြင်းဖြစ်သည်ဟု အိမ်ပိုင်ရှင်ဖြစ်သူကဆိုသည်။ (ဘီဘီစီ)


0 comments: