တရက်ကို လူပေါင်း ၂ဝဝဝ ခန့် သီရိလင်္ကာနိုင်ငံမှာ ခွေးကိုက်ခံရ

သီရိလင်္ကာ အင်္ဂလိပ်သတင်းစာတစ်စောင်ကနေ ထုတ်ပြန်ချက်တစ်ခုကတော့ သီရိလင်္ကာနိုင်ငံမှာ တစ်ရက်ကို လူအယောက်ပေါင်း .
.
၂ဝဝဝ လောက်ဟာ ခွေးကိုက်ခြင်းခံနေရတယ်လို့ရေးသားခဲ့ပါတယ်။ ကျန်းမာရေးဝန်းကြီး ဒီ ၂ဝဝ၉ ပထမခြောက်လ အတွင်းမှာ ခွေးရူး ရောဂါကြောင့် ဆေးကုသတဲ့လူနာ ၂ဝ၅ ယောက်ထဲမှာ ၂၈ယောက်ဟာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂ဝ၅ ရောက်ထဲက ၁၇၂ ယောက်ဟာ ခွေးဆီက အကြောင်းအမျိုးမျိုးကြောင့် ကူးလာခဲ့တာဖြစ်ပါတယ်။ တစ်နှစ်ကို သိရိလင်္ကာအစိုးရအနေနှင့် ရူပီးငွေ သန်းငါးရာ (အမေရိကန်ဒေါ်လာ ၄.၃၁သန်း) ခန့်ကို ခွေးကိုက်ခံခဲ့ရတဲ့ လူနာတွေအတွက်သုံးစွဲခဲ့ရပါတယ်။ တစ်ယောက်အတွက် ပျှမ်းပျ ကုန်ကငွေကတော့ အမေရိကန်ဒေါ်လာ ၃၃၆.၂ ဒေါ်လာခန့်ဖြစ်ပါတယ်။ ထိုအတောအတွင်းမှာတော့ အစိုးရအနေနဲ့ ခွေးပေါက်ဖွားနှုန်းကို ထိန်းချူပ်နိုင်ဖို့ ရူဘီ သန်း ၂ဝဝ ကို အသုံးချခဲ့ပါတယ်။ အကိုက်ခံရတာလဲမပြောနဲ့လေ သီရိလင်္ကာနိုင်ငံလို ကျွန်းသေးသေးလေးမှာ ခွေးအကောင်ရေပေါင်း ၂သန်းခွဲ ရှိပြီး ၄ဝ ရာခိုင်နှုန်းက ခွေးလေခွေးလွင့်တွေ ဖြစ်ပါတယ်။

(တရုတ်ကို တင်သွင်းလိုက်ရင်ပိုက်ဆံတောင်ပြန်ရလာအုံးမယ်)



0 comments: