T72 သံချပ်ကာ ကားဧ။် စွမ်းရည်များ

T72

တီ-၇၂ သံချပ်ကာယာဉ်သည် ဆိုဗီယက်တပ်မတော်၏အဓိကအသုံးပြုခဲ့သော တိုက်ပွဲ ၀င်သံချပ်ကာယာဉ်ဖြစ်ပါသည်။ ၁၉၇၀ မှ ဆိုဗီယက်ယူနီယံ ပြိုကျသည့် ၁၉၉၁ ထိ ဆိုဗီယက်တပ်မတော်တွင်အသုံးပြုခဲ့ပါသည်။ တီ-၇၂ ကို ယူကရိန်း၊ ခါကော့ (Kharkov)ဒေသရှိ ထုတ်လုပ်ရေးစခန်းမှာထုတ်လုပ်ပါသည်။ နိုင်ငံအချို့ မှ လိုင်စင်ယူပြီး ထုတ်လုပ် သလို လိုင်စင်မယူဘဲ ပုံတူပွားတာလည်းရှိပါသည်။ ချက်ကိုစလိုဗားကီးယား၊ ပိုလန်၊ ယူဂိုဇလားဗီးယား နှင့်အိန္ဒိယ နိုင်ငံများသည် တရားဝင် လိုင်စင်ယူပြီး ထုတ်လုပ်သောနိုင်ငံများဖြစ်ပါသည်။

တီ-၇၂ သည် အရင် မော်ဒယ် တီ-၆၂ ထက်လျှင်မြန်ဖြတ်လတ်ပြီး မြင်းကောင်ရေ ၇၈၀ အားရှိသော V-12 ဒီဇယ်အင်ဂျင် ကိုသုံးပါသည်။ အင်ဂျင်တုန်ခါမူ့နည်းသဖြင့် စစ်သည်များ သက်တောင့်သက်သာရှိစေပါသည်။ တီ-၆၂ ထက်အမြောက်ဒဏ် ခံနိုင်ရည်ရှိပြီး၊တီ-၇၂အမ် နှင့် တီ-၇၂ အမ်ဝမ်းသည် ၁၀၅ မမ အမြောက်တပ်ဆင်ထားသော အမေရိကန်လုပ်
M1 Abram သံချပ်ကာ၏ ပစ်ခတ်ချင်းကိုခံနိုင်ရည်ရှိပါသည်။

ဆုံလည်မြောက်သည် ၂၈၀ မီလီမီတာ ( ၁၁ လက်မ) ထိထူပြီး ထိပ်ဖျားတွင် ၈၀ မီလီမီတာ (၃.၁၅ လက်မ) အထူရှိပါသည်။ ၁၂၅ မမ အမြောက်တပ်ဆင်ထားပြီး ၎င်း သံချပ်ကာယာဉ်သည် မီတာ ၁၀၀၀ အတွင်း အမေရိကန်လုပ် M1 Abram သံချပ်ကာ ကို ပစ်ခတ်ဖျက်ဆီးနိုင်ပါသည်။ မောင်းနေရင်း ဆက်တိုက်အမြောက်ပစ်နိုင်ပြီး ပစ်မှတ်ရှာ
ရန်အတွက် အနီအောက်ရောင်ခြည် ကို အမြောက်၏ညာဖက်တွင်တပ်ဆင်ထားပြီး ပစ်မှတ် အကွာအဝေးသိရန် လေဆာရောင်ခြည် တိုင်းကရိယာတပ်ဆင်ထားပါသည်။

ယာဉ်၏အလေးချိန်သည် ၄၁ တန်သာရှိသဖြင့် သံချပ်ကာ ထဲတွင်အလွန်ပေါ့ပါးသော ယာဉ် ဖြစ်သဖြင့် တံတားဖြတ်သည့်အခါ အလွန်အဆင်ပြေပါသည်။ ၁၆ ပေ နက်သော မြစ်ချောင်းများဖြတ်ပြီး ရေထဲတွင်စက်ရပ်သွားပါက ၆ စက္ကန့်အတွင်း စက်ပြန်နိုးနိုင်ပါသည်။ ၆ စက္ကန့်အတွင်း စက်ပြန်မနိုးနိုင်ပါက အင်ဂျင်ထဲသို့ရေ၀င်နိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။

တီ-၇၂ သည် နူကလီးယား၊ ဇီဝ နှင့် ဓါတုဗေဒ လက်နှက် ဖြင့်တိုက်ခိုက်ခြင်းကို ခံနိုင်ရည် ရှိအောင်တည်ဆောက်ထားပါသည်။ ဆုံလည် နှင့် အဖုံး၏အတွင်းပိုင်းကို ဗိုရွန် ( Boron) ဖြင့်လုပ်ထားသော ဆင်သဲတစ်ဖိုင်ဘာ ( Synthetic Fabric) ဖြင့်ပြုလုပ်ထားသဖြင့် နူထရွန်ဗုံး ( Neutron bomb) မှထွက်သော ဓါတ်ရောင်ခြည်ကို လျှော့ချစေပါသည်။ အ
တွင်းခန်းစစ်သည်များအတွက်လေကို အထပ်ထပ်သန့်စင်ထားပါသည်။ ညစ်ညမ်းသောပြင် လေများသည် ဘယ်ရင် (Bearing)၊ အဆက် (Joint) များ မှတဆင့် အတွင်းသို့မ၀င်နိုင် အောင်လေဖိအားထားရှိ ပြီးကာကွယ်ထားပါသည်။ သို့သော်လည်းပြည်ပကိုရောင်းချ သော သံချပ်ကာ၏အရည်အသွေးကိုမူ လျှော့ချထားပါသည်။

ရုရှားပြည်ထောင်စုတွင် တီ-၇၂ သံချပ်ကာယာဉ် ၅၀၀၀ ရှိပါသည်။ ၂၀၀၀ ကိုလက်ရှိသုံးနေပြီး ၃၀၀၀ ကိုအရန်ဖြင့် ထားရှိပါသည်။ တီ-၇၂ ၏ ၁၂၅ မမ အမြောက်သည်မည်သည့် ခေတ်မှီသံချပ်ကာ ကိုမဆို ဖျက်ဆီးနိုင်သည်ဟု အနောက်တိုင်းအုပ်စုက ယုံကြည်ကြပါ သည်။ သို့သော်လည်း တီ-၇၂ ပါဝင်ခဲ့သော စစ်ပွဲများဖြစ်သည့်၁၉၈၂ လက်ဘနွန်-အစ္စရေး
၁၉၉၁ ပထမ အီရတ်စစ်ပွဲတွင် ထိပ်တိုက်တွေ့သော အမေရိကန်တပ်မှ M1 Abram သံချပ်ကာ နှင့် ဗြိတိသျှ၏ ချယ်လင်ဂျာ သံချပ်ကာ တိုက်ပွဲနှင့် ၂၀၀၃ ဒုတိယ အီရတ်စစ် ပွဲများတွင် တီ-၇၂ သံချပ်ကာ ၏အောင်မြင်မူ့သည် အနည်းငယ်သာရှိခဲ့ပါသည်။ အီရတ်စစ် ပွဲများတွင် တီ-၇၂ သံချပ်ကာ၏ ရှုံးနိမ့်မူ့သည် အီရတ်ရဲဘော်များ၏ လေ့ကျင့်မူ့နည်းပါးခြင်း
နှင့် အမေရိကန်၏လေတပ်အင်အား သာလွန်မူ့ကြောင့်ဟု ကျွမ်းကျင်သူများက သုံးသပ် ထားပါသည်။

BTR-3U Light Tank

တီ-၇၂ ပုံစံရေးဆွဲသူမှာ ရုရှားမှ Kartsev Venediktov ဖြစ်ပြီးအစင်းရေပေါင်း ၂၅၀၀၀ ကျော်ထုတ်လုပ်ပြီးဖြစ်ပါသည်။ အလျား ၃၁ပေ ၃လက္မ၊ အကျယ် ၁၁ပေ ၉လက္မ၊ အမြင့် ၇ပေ ၄လက္မ ရှိပြီး စစ်သည် ၃ ဦးတာဝန်ထမ်းဆောင်ရပါသည်။ အဓိကလက်နက်မှာ ၁၂၅ မမ အမြောက်ဖြစ်ပြီး အရံဖြင့် ၇.၆၂ မမ စက်သေနတ်နှင့် ၁၂.၇ မမ လေယာဉ်ပစ်သေနတ်
တွေတပ်ဆင်ထားပါသည်။ ဆီတိုင်ကီမှာ ၁၂၀၀ လီတာ (အမေရိကန်ဂါလန် ၃၂၀) ဆန့် ပြီး ၄၆၀ ကီလိုမီတာ ( ၃၂၀ မိုင်) ထိ ခရီးသွားနိုင်ပါသည်။ အပိုဆီတိုင်ကီ တင်ဆောင်ပါ က ၇၀၀ ကီလိုမီတာ ( ၄၃၀ မိုင်) ထိ ခရီးသွားနိုင်ပါသည်။ အမြန်နှုံး တစ်နာရီလျှင် ၈၀ ကီလိုမီတာ (၅၀ မိုင်) ထိပြေးနိုင်ပါတယ်။ မြန်မာ့တပ်မတော်မှ တီ-၇၂ သံချပ်ကာ ၁၃၉
စင်းကျော်ကို ၂၀၀၃ ခုနှစ်လည်တွင် ယူကရိန်းမှဝယ်ယူခဲ့ပါသည်။ ထို့အပြင်အပေါ့စား သံချပ်ကာ BTR-3U အစင်း ၁၀၀၀ ကို ၂၀၁၃ မတိုင်မှီ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်ရန် မြန်မာစ်အစိုးရ နှင့် ယူကရိန်းအစိုးရတို့ သဘောတူညီမူ့ ရရှိခဲ့ပါသည်။ ၂၀၀၆ ခုနှစ် တွင် အိန္ဒိယမှအသုံးမပြုသောတီ-၅၅ သံချပ်ကာ (အရေအတွက်မသိ)ကိုလွှဲပြောင်းပေးခဲ့ပါသည်။
မြန်မာတပ်မတော်တွင် သံချပ်ကာ အပါအ၀င် တိုက်ပွဲဝင် ယာဉ်ပေါင်း ၅၂၀၀ ခန့်ရှိပါသည်။



Mr. Weapon



0 comments: