ကွန်ပျူတာသုံးစရာ မလိုပဲ အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မဲ့ ကမ္ဘာ့ပထမဆုံး Web-connected Touchscreen printerတစ်မျိုး ထုတ်လုပ်လိုက်ကြောင်း နာမည်ကြီး Hewlett Packard(HP)က ကြေညာလိုက်ပါတယ်။ HP Photosmart Premium printerဟာ all-in-one printerဖြစ်ပြီး အင်တာနက်မှ စာသားနဲ့ရုပ်ပုံတွေကို printerမှာ ပါဝင်တဲ့ touchscreenသုံးပြီး print လုပ်နိုင်မှာဖြစ်ပါတယ်။ HP printer အသစ်ဟာ web-based printing စနစ်ဖြစ်ပြီး HP Touchsmart Web နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Printerရဲ့ 4.33” အရွယ် touchscreenမှတဆင့် HP applicationsတွေသုံးပြီး အွန်လိုင်းချိတ်ဆက်နိုင်မှာပါ။ အွန်လိုင်းချိတ်ဆက်ပြီး တိုက်ရိုက် print လုပ်နိုင်ဖို့အတွက် HPနဲ့ နာမည်ကြီးဝက်ဘ်ဆိုက်တွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ USA Today, Google, Fandango, Coupons, Nickleodeon, DreamWork Animation, Web Sudokuနဲ့ Weathernews Incကဲ့သို့ ဝက်ဘ်ဆိုက်တွေဟာ HPနဲ့ ပူးပေါင်းဆောင်ရွက်လာကြမယ်လို့ ဆိုပါတယ်။
(အသစ်ထွက်ရှိသည့် HP Photosmart Premium printer)
HPနဲ့ပူးပေါင်းထားတဲ့ ဝက်ဘ်ဆိုက်များမှ သတင်းအချက်အလက် အကြောင်းအရာ၊ ရုပ်ပုံတို့ကို HP printerအသစ်ဖြင့် အွန်လိုင်းချိတ်ဆက်ပြီး တိုက်ရိုက် print လုပ်နိုင်မှာပါ။ ဓာတ်ပုံဝက်ဘ်ဆိုက်ဖြစ်တဲ့ Snapfishရဲ့ account ပိုင်ဆိုင်သူတွေ အနေနဲ့ HP printerမှတဆင့် ဝက်ဘ်ဆိုက်ကို ဝင်ရောက်သုံးစွဲနိုင်မှာဖြစ်သလို ဓာတ်ပုံတွေကိုလည်း HP printer အသစ်ဖြင့် တိုက်ရိုက် print လုပ်နိုင်မှာပါ။ ထို့အတူ HP Photosmart Premiumဖြင့် Google Mapsကို ခေါ်ယူကြည့်ရှုနိုင်ပြီး မြေပုံတွေကိုလည်း print လုပ်နိုင်ပါလိမ့်မယ်။ HP printer အသစ်ကို WiFi စနစ်ပါဝင်တဲ့ PCများ၊ Apple iPhone, iPod အပါအဝင် အခြား Bluetooth devicesများနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ HP Photosmart Premiumမှာ web-connected applicationနဲ့ အခြား wireless optionတွေ ပါဝင်ပြီး partner ဝက်ဘ်ဆိုက်များနဲ့ အွန်လိုင်းချိတ်ဆက်ကာ print လုပ်နိုင်မှာဖြစ်သော်လည်း Internet Browserသုံးပြီး အခြားဝက်ဘ်ဆိုက်တွေကိုတော့ ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ Touchsmart Web နည်းပညာသုံး အွန်လိုင်းချိတ်ဆက် HP Photosmart Premium printerကို ယခုနှစ် စက်တင်ဘာလနှောင်းပိုင်းမှာ US$399ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။
http://www.planet.com.mm/news/read.cfm/id/12898
0 comments:
Post a Comment