ဝက်တုပ်ကွေး ဗိုင်းရပ်စ်သည် တမီဖလူဆေးအား ခံနိုင်ရည်ရှိ
1/Jul/2009
တာမီဖလူဆေးကို A/H1N1 ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခြင်းမှ ကာကွယ်ရန်အတွက် ထိရောက်စွာသုံးစွဲကြ
သည်။ ၎င်းဆေးကို ရောဂါဖြစ်စတွင် သောက်သုံးပါက ဝေဒနာပျောက်ကင်း၍အခြားသူတစ်ဦးတစ်ယောက်သို့ကူး
စက်မည့်အန္တရာယ်အလွန်နည်းပါးသည်။ သို့သော်လည်း ဒိန်းမတ်နိုင်ငံ ပညာရှင်များက တမီဖလူဆေးမတိုးသော
ဆေးဝါးထုတ်လုပ်သည့် Roche ကုမ္ပဏီကလည်း ဟုတ်မှန်ကြောင်းထုတ်ဖော်ပြောဆိုသည်။ ဤအတောအတွင်း
ဗြိတိန်နိုင်ငံရှိ ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၀က်တုပ်ကွေးရောဂါဖြင့်တတိယမြောက်သေဆုံးသူဖြစ်လာ
ခဲ့သည်။ ဗြိတိန်နိုင်ငံတွင် သောကြာနေ့မှစ၍ တုပ်ကွေးဖြစ်ပွားသူဦးရေ တရှိန်ထိုးတက်လာခဲ့ရာ ယမန်နေ့ကအထိ
ကူးစက်ခံရသူဦးရေ 5937 ဦးရှိပြီဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုအေဂျင်စီသည်တုပ်ကွေးဆေးတိုက်ကျွေး
မှုကို အမြဲမပြတ်စောင့်ကြည့်၍ ဆေးမတိုးသည့်ကိစ္စများ ထပ်မံပေါ်ပေါက်ခြင်းရှိ၊ မရှိ လေ့လာသွားမည်ဖြစ်သည်။
(ဘီဘီစီ)
0 comments: