ကြီးမားတဲ့ပါးစပ်ကြီးနဲ့ဆုံမိတဲ့ ဒိုင်ပင်သမား


ဒါကတော့ ကြီးမားတဲ့ ငါးကြီးတစ်ကောင်ပါ။ ပုံမှာ ကြည့်လိုက်ရင်တော့ ဒိုင်ပင်ထိုးသူ Sam Bester ကိုမျိုတော့မဲ့အလားမှတ်ထင်ရ ပါတယ်။ ဒါပေမဲ့ သူမကံကောင်းပါတယ် အဲ့ဒီသတတ္တဝါကြီးက ဝေလငါး မျိုးတစ်မျိုးပါ ရေထဲက ငါးသေးသေး လေးတွေကိုဘဲစားတတ် လို့ဖြစ်ပါတယ်။ ဒီဓါတ်ပုံကတော့ Sam Bester ရဲ့သူငယ်ချင်း Fiona Ayerst ဆိုသူက တောင်အမေရိက Durban ကမ်းရိုးတန်းကနေရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။
ဒီဝေလငါးမျိုးကတော့ အလွန်ကြီးမားတဲ့ငါးမျိုးကြီးများဖြစ်ပြီး အရှည် ၆၅ ပေ (၂ဝ မီတာ) အထိရှည်ပြီး၊ အနှစ် ၁ဝဝ လောက်ထိ သက်တမ်းရှည်ပါတယ်။ ဒီငါးကြီးတွေကတော့ ပုံမှန်အားဖြင့် အပူချိန် ၁၈ မှ ၃ဝ ဒီဂရီ အပူချိန် ခန့်ရှိတဲ့ ပင်လယ်မျိုးမှာ နေထိုင်ကြပါ
တယ်။ အပင်မျှောလှေးနှင့် အကောင်မျှောလှေး များကိုလဲ မျိုနိုင်ပြီး ပါစပ်ပြည့်လျှင်လဲ ပါးဟက်မှ ပြန်လည်ထုတ်ပစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်တွေကလဲ ဒီဝေလငါးမျိုးရဲ့ အရိုးစုကိုလိုခြင်နေတာပါ.. ဘာဖြစ်လို့လဲဆိုတော့ ဒီငါးက ဝေလငါးမျိုးတွေလို နို့တိုက်သတ္တဝါ မဟုတ်လို့ဘဲဖြစ်ပါတယ်။



0 comments: