ကမ္ဘာ့ပထမဦးဆုံးသော လောင်စာဆဲလ်သုံးလေယာဉ်တစ်စင်းကို အင်္ဂါနေ့က ဂျာမနီနိုင်ငံတွင် ဝေဟင်သို့ မောင်း
နှင်ပျံသန်းပြနိုင်ခဲ့သည်။ သိပ္ပံပညာရှင်များသည်လောင်စာဆဲလ်၏ စွမ်းဆောင်ရည်ကို များစွာတိုးမြှင့်နိုင်ခဲ့သည်။ လေ
ကြောင်းကုမ္ပဏီသုံးခုတို့ ပူးပေါင်းတည်ဆောက်ထားသော DLR-H2 ဂလိုင်ဒါလေယာဉ်သည်အချိန်ငါးနာရီကြာ ဆက်
တိုက်ပျံသန်းနိုင်၍ အကွာအဝေး 460 မိုင်အထိ ပျံသန်းနိုင်သည်။ လောင်စာအဖြစ်သုံးသော ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ကို
ဓါတု လျှပ်စစ်နည်းဖြင့် အောက်ဆီဂျင်နှင့် တိုက်ရိုက်ပေါင်းစပ်စေ၍ စွမ်းအင် ထုတ်ယူသည်။ အင်ဂျင်အတွင်း လောင်
ကျွမ်းပေါင်းစည်းခြင်းမဟုတ်သဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ကင်းရှင်းသည်ဟု သိရှိရသည်။
http://www.khitlunge.org.mm/news/news_detail.aspx?info_id=15063
0 comments:
Post a Comment