အသံထက်မြန်တဲ့နှုန်းဖြင့် တိုက်လေယာဉ်များပျံသန်းတဲ့အခါ Sonic boom ဆိုတာ
ပုံမှာမြင်ရတဲ့အတိုင်း ဖြစ်လာပါတယ်။ Sonic boom ဟာအလွန်များပြားသော အသံစွမ်း
အင်ကို ဖြစ်ပေါ်ထုပ်လုပ်သဖြင့် ပေါက်ကွဲသံတစ်ခုဖြစ်ကြားရပါတယ်။ လျှပ်စီးလဲ့ခြင်းနှင့်
တပြိုင်နက်ဖြစ်ပေါ်သော ရုပ်တရက်ပူချိန်မြင့်တက်ပြီး လေ၏ထုထည် ကြီးမားလာသော်
ကြောင့် မိုးကြိုးပစ်ခြင်း၊ မိုးချုန်း ဖြစ်ပေါ်လာပါသည်။ အဆိုပါဖြစ်စဉ် သည် သဘာဝ
Sonic boom ၏သာဓကဖြစ်ပါသည်။
အရာဝထ္ထုတစ်ခုသည်လေထုတွင်းဖြတ်သန်းသောအခါ ၎င်း အရာဝထ္ထု၏ အရှေ့နှင့်နောက်
မှ လေဖိအားလှိုင်းဖြစ်ပေါ်လေ့ရှိသည်။ ရေထဲတွင် လှေ၊ သင်္ဘော ခုတ်မောင်းသောအခါ
ဖြစ်ပေါ်လာသော ရေလှိုင်းကဲ့သို့ဖြစ်ပါသည်။ ၎င်းလေလှိုင်းများသည် အသံ၏အမြန်းနှုံး
တိုင်းရွေ့လျှားပြီး အရာဝထ္ထုသည်အသံ၏အမြန်နှုံးအတိုင်း ရွေလျှားလာသောအခါ လေ လှိုင်းများသည် သိပ်သည်းသွားပြီးတစ်ခုနှင့်တစ်ခုမရှောင်နိုင်တော့ဘဲ ရိုက်မိကာတုန်ခါ လှိုင်းတစ်ခုတည်းအနေဖြင့် ဖြစ်ပေါ်လာသည်။ ထိုကဲ့သို့စတင်ဖြစ်ပေါ်သောအရှိန်ကို
မက်-၁ (Mach 1) ဟုသတ်မှတ်ပြီး တစ်နာရီလျှင် ၁၂၂၅ ကီလိုမီတာ သို့မဟုတ်
တစ်နာရီလျှင် ၇၆၁ မိုင်နှုန်းရှိပါသည်။
ပုံပါ F-22 Raptor သည် အမြန်နှုံး မက် ၂.၂၅ ( Mach 2.25) တနာရီလျှင် ၂၄၁၀ ကီလို
မီတာ (၁၅၀၀မိုင်နှုံး) ထိပျံ သန်းနိုင်ပြီးအကွာအဝေးဖြင့်အပိုဆီတိုင်ကီနှစ်လုံးတင်ဆောင်
ထားပါက ၂၉၆၀ ကီလိုမီတာ (၁၈၄၀ မိုင်) ထိဆက်တိုက်ပျံ သန်းနိုင်ပါသည်။
လေယာဉ်တစ်စင်း၏တန်ဖိုးမှာ ၂၀၀၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၇၇.၆ သန်း
(US$ 177.6 million) ရှိပါသည်။ ၂၀၀၃- ၂၀၀၄ ထိ အမေရိကန်လေတပ်တွင်း လုပ်ငန်း
တာဝင်ရောက်နေသော အဆိုပါတိုက်လေယာဉ်ပေါင်း ၄၄၂ စင်းရှိပြီး ၁၉၉၆ခုနှစ်တွင်
အမေရိကန်အစိုးရ မှ အစင်းပေါင်း ၆၄၈ စင်းဝယ်ယူရန်စီစဉ်ခဲ့ပါသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment