စပါးကြီးမြွေကြောင့် ၂ နှစ်အရွယ် မိန်းခလေး သေဆုံးသွား


မြွေကို မသိမ်းသွားခင် မြွေအရှည်ကို တိုင်းနေကြတဲ့ ရဲတွေပါ



အမေရိကန်နိုင်ငံ Florida က Shaiunna Hare ဆိုတဲ့ အသက် (၂)နှစ်အရွယ် မိန်းခလေး ဟာ ညသန်းခေါင်အချိန် အိပ်ယာထဲမှာ အိမ်ကမွေးထားတဲ့ (၈)ပေအရှည် ရှိ့တဲ့ စပါးကြီးမြွေကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြွေပိုင်ရှင် Charles Jason Darnell (သေဆုံးသွားတဲ့ ခလေးအမေရဲ့ ရည်းစား) က မြွေကို ခလေးအခန်းထဲသွား ခဏသွားပြီးလွတ်ထားရင်း ပြန်သိမ်းဖို့ သတိမေ့ခဲ့တာကြောင့် ဖြစ်ခဲ့ရတာပါ။ (မြွေ့ပန်သိမ်းဖို့သတိမရလောက်အောင် နှစ်ယောက်သားတော်တော်ပျော်နေမှာပေါ့ ဟီးဟီး)။

သယ်သွားဖို့ အိပ်ထဲထည့်နေခြင်း

မြွေပိုင်ရှင် ကလေးမလေးကို တွေ့ရှိရတဲ့အချိန်မှာတော့ မြွေက ရစ်ပါတ်ထားပြီး ကလေးမလေးခေါင်းကို မျိုဖို့ စပြီး ကိုက် နေတဲ့အချိန်မှာဘဲဖြစ်ပါတယ်။ Charles Jason Darnell က မြွေကို ဒါဖြင့်ထိုးကာ ကလေးမလေးကို မြွေရဲ့ သားကောင်အဖြစ်ကနေ ကယ်ထုတ်နိုင်ခဲ့ပေမဲ့ အရေးပေါ်ကား မရောက်ရှိခင်မှာတင် ကလေးမလေးက သေဆုံးသွားခဲ့ပါတယ်။ အရေးပေါ်ဌာနကတော့ ဒီမြွေကို သိမ်းသွားခဲ့ပါတယ်။ မြွေပိုင်ရှင် Darnell လဲ ဘာမှ အပြစ်ဒဏ်ပေးတာမျိုးကိုလဲ မခံရပါဘူး။ အမေရိကန်နိုင်ငံမှာတော့ ၁၉၈ဝ ကတည်းက အခုအချိန်အထိ စပါးကြီးမြွေကြောင့်သေတာ ၁၂ ယောက် မကတော့ဘူးလို့လည်းသိရပါတယ်။ ဒီ ဖြစ်ရပ်ကစပါးကြီး မြွေကမြန်မာစပါးကြီး မြွေမျိုးဖြစ်ပါတယ်။ ဒီမြွေမျိုးဟာ အရွယ်အစားအနေဖြင့် (၈)မီတာလောက်အထိ ရှည်တတ်ပြီး ပေါင် (၂ဝဝ) လောက်အထိ အလေးချိန်ရှိတတ်ပါတယ်။ သားရဲ တိရိစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ဖြစ်တဲ့ Jorge Pino ကတော့ ဒီအဖြစ်အပျက်မှာ မြွေမှာ အမှားရှိတာထက် လူမှာပိုပြီး အမှားရှိတာဖြစ်ပါတယ်။


မြွေပိုင်ရှင်နဲ့ သေဆုံးသွားတဲ့ ကလေးမလေးအမေ

လူတွေက မြွေငယ်တဲ့အချိန်မှာ ဈေးနဲနဲ ဖြင့်ဝယ်ယူကာ အိမ်မှာ မွေးထားကြပြီး ကြီးလာတဲ့အချိန်မှာတော့ ထိန်းချူပ်လို့ မရဖြစ်ပြီး တောထဲသွားလွတ်လိုက်ရတာပါဘဲလို့ ဆက်လက် ပြောဆိုပါတယ်။ George Van Horn ဒါ ဟာ မသင်ဘဲ အလိုအလျှောက်တတ်မြှောက်နေတဲ့ မြွေတွေရဲ့ သဘာဝသာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။



1 comments:

မဆုမွန် said...

စိတ်မကောင်းလိုက်တာ နှစ်နှစ်ပဲရှိသေးတဲ့ ကလေးအခန်းထဲ မြွေသွားထည့်စရာလားဟယ် တော်တော်ဆိုးတဲ့ ပထွေးပဲ အပြစ်ယူမခံရတာ စိတ်ထဲ မကျေနပ်ဘူး။။