တရုတ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ၁၁ ဦးသေဆုံး

3/Jul/2009
တရုတ်နိုင်ငံဒေသတစ်ချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ 11 ဦးသေဆုံးကြောင်း နိုင်ငံပိုင်
ဆင်ဟွာသတင်းဌာနက ထုတ်ဖော် ပြောဆိုသည်။ နိုင်ငံ အနောက်တောင်ဘက်ပိုင်း Guizhou ပြည်နယ်၌ ယခုသီ
တင်းပတ်စောစောပိုင်းက စတင်ရွာသွန်းခဲ့သော မုတ်သုံရာသီမိုးကြောင့် လူ 9 ဦးသေဆုံး၍ တစ်ဦး ပျောက်ဆုံးနေ
ဆဲဖြစ်သည်။ အလားတူ နိုင်ငံအရှေ့ဘက်ပိုင်းပြည်နယ်တွင် မိုးသည်းထန်မှုကြောင့် နေအိမ်ပြိုကျ ပျက်စီးရာမှ လူ
နှစ်ဦးသေဆုံးခဲ့သည်။ သောကြာနေ့ထိ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းဦးမည်ဟုခန့်မှန်းရသဖြင့်ရေကြီးမှုနှင့်
မြေပြိုကျမည့်အန္တရာယ်များကို တာဝန်ရှိသူများက သတိပေးတပ်လှန့်ထားသည်။ (အေအက်ဖ်ပီ)


0 comments: