ကမ္ဘာပထမဆုံး 128GB USB flash drive


Posted on Jul 07 09
ကမ္ဘာပထမဆုံး 128GB USB flash drive


ကမ္ဘာ့ပထမဆုံး 128GB USB flash drive ကို Kingstonမှ မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ 128GB USB flash driveကို Kingstonရဲ့ DataTraveler 200 (DT200 series)ဖြစ်တဲ့ 32GB, 64GB USB flash driveတွေနဲ့အတူ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ Kingstonရဲ့ အသစ်ထုတ်လုပ်လိုက်တဲ့ DT200 series USB flash drive ဈေးနှုန်းတွေကတော့ 32GBကို US$120နဲ့ 64GBကို US$213ဖြစ်ပြီး ကမ္ဘာ့ပထမဆုံးဖြစ်တဲ့ 128GB USB flash driveကို US$546 ဖြစ်ပါတယ်။ လက်ရှိဈေးနှုန်းအရတော့ Kingston 128GB USB flash drive တစ်ခုရဲ့ဈေးနှုန်းဟာ သာမန်Netbookတစ်လုံး ဝယ်ယူနိုင်လောက်ပါတယ်။

World's First 128GB USB flash drive

(Kingston DT200 series USB flash drives)

Kingston DT200 USB flash driveတွေမှာ passwordပေးပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ထိန်းချုပ်ထားနိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။ USB driveတွေကို အဖုံးမပါတဲ့ slide ပုံစံပြုလုပ်ထားတာ ဖြစ်ပါတယ်။ Kingstonရဲ့ အသစ်ထုတ်လုပ်လိုက်တဲ့ DT200 USB flash driveတွေအားလုံးဟာ Windows Vistaအတွက် ရည်ရွယ်ထားပြီး Windows ReadyBoost featureအတွက်လည်း အဆင်ပြေအောင် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။ Microsoftရဲ့ Windows ReadyBoost featureကို Windows Vistaမှာ စတင်မိတ်ဆက်ခဲ့ပြီး Windows 7မှာလည်း ထည့်သွင်းထားပါတယ်။ အဆိုပါfeatureဖြင့် USB flash driveတွေကို ပိုမိုအဆင်ပြေစွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း Password စနစ်ပါတဲ့ DataTravelerတွေကို Windows ReadyBoost featureနဲ့ တွဲဖက်သုံးလို့ အဆင်မပြေဘူးဆိုတာတော့ သတိထားရပါမယ်။ အသစ်ထုတ်လုပ်လိုက်တဲ့ Kingston DT200 USB flash drive အားလုံးအတွက် (၅)နှစ်အာမခံနဲ့ အခမဲ့ နည်းပညာထောက်ပံ့မှုတွေလည်း ပေးထားတယ်လို့ ဆိုပါတယ်။



0 comments: