တောင်ကိုရီးယား သမ္မတက ပရဟိတ အသင်းများသို့ ဒေါ်လာ 26 သန်း လှူဒါန်း

.
ပြည်သူကိုချစ်တဲ့နိုင်ငံခေါင်းဆောင်ဆိုတာ ဒီလိုဘဲ ပြည့်သူ့ဘဏ္ဍာကို မဘုန်းတဲ့အပြင် ပြန်ပြီးတော့ သူ့ရှိတာတောင် လှူနေသေတယ်။ တချို့နိုင်ငံခေါင်းဆောင်တွေကျတော့ လဲ ငါပြီးငါ ဆိုပြီး လုအယက်အပြိုင်အဆိုင်ကို ဘုန်းနေကြလိုက်တာ...ခက်တာက အဘတို့ဆရာတင်တာ တောင်နဲ့ မြောက်မှားနေတယ်။





7/Jul/2009






ဆင်းရဲသားဘ၀မှ ထိပ်တန်းရာထူးအဆင့်သို့ ကြီးပြင်းဖြတ်သန်းခဲ့သော တောင်ကိုရီးယားသမ္မတ
လီမြောင်ဘတ်သည် ပရဟိတ လူမှုရေးအဖွဲ့တစ်ခုသို့ အမေရိကန်ဒေါ်လာ 26 သန်း လှူဒါန်းလိုက်ကြောင်းသိရ
သည်။ ရွေးကောက်ပွဲမဲဆွယ်စဉ်က ကတိက၀တ်ပြုထားသော ကိစ္စတစ်ရပ်ကို ဖြည့်ဆည်း ဆောင်ရွက်သောအနေ
ဖြင့် ၎င်းပိုင်ဆိုင်မှုအ၀၀၏ 80% ကျော်ကို ပညာရေးလိုအပ်ချက်များတွင် အသုံးချရန်ရံပုံငွေဖောင်ဒေးရှင်းတစ်ရပ်
ထူထောင်ပေးနိုင်ခဲ့သဖြင့် အလွန်ဝမ်းမြောက်ပျော်ရွှင်မိပါကြောင်း၊ ၎င်း၏ ထုတ်ပြန် ကြေငြာချက်တွင် ထည့်သွင်း
ပြောဆိုထားသည်။ ဆောက်လုပ်ရေးအမှုဆောင် အရာရှိဟောင်းတစ်ဦးဖြစ်သော မစ္စတာလီသည် စီးပွားရေးကျော
ထောက်နောက်ခံဖြင့် တောင်ကိုရီးယားနိုင်ငံ၏ သမ္မတရာထူးကို ပထမဆုံးရယူနိုင်ခဲ့သူဖြစ်သည်။အထက်တန်းနှင့်
တက္ကသိုလ်ကျောင်းသားဘ၀က ဖြတ်သန်းခဲ့သော ခက်ခဲ ကြမ်းတမ်းမှုများကို မမေ့လျော့ပဲ ၎င်း၏ ပိုင်ဆိုင်ပစ္စည်း
များကို ဆင်းရဲသားများအတွက် အသုံးပြုရန် လှူဒါန်းရခြင်းဖြစ်သည်ဟု ဆိုသည်။ (အေအက်ဖ်ပီ)



0 comments: