Microsoftကော်ပိုရေးရှင်းသည် ၎င်းကြေညာထားသည့် အခမဲ့ Antivirus Softwareဖြစ်သော Morroကို ဇွန်လ(၂၄)ရက်နေ့က စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။ Morroဆိုသည်မှာ Microsoft Security Essentialsအမည်ရှိ Software၏ အတိုကောက် Code Nameဖြစ်ပြီး ယခုဖြန့်ချိလိုက်သော Softwareသည် Beta Versionအဆင့်မျှသာ ရှိသေးကြောင်းလည်း သိရသည်။ Microsoft၏ အဆိုအရ ယခင်က ၎င်းတို့၏ Antivirus Softwareဖြစ်သည့် OneCare၏နေရာတွင် အစားထိုးလိုက်သော Morroသည် အလွယ်တကူ အသုံးပြုနိုင်ရန် စီမံထားပြီး Windows XP၊ Vistaနှင့် နောက်ဆုံးထုတ်လုပ်မည့် Windows 7တို့တွင် ထည့်သွင်းနိုင်မည်ဖြစ်သည်။
ထိုSoftwareသည် Windows Updateဖြင့် နေ့စဉ် Virus Definitionသစ်များကို အလိုအလျောက် Downloadဆွဲပေးသွားမည်ဖြစ်ပြီး Portable Deviceများကိုပါ Scanဖတ်ပေးနိုင်ကြောင်း Microsoftက ပြောကြားခဲ့သည်။ ယခုSoftwareကို အသုံးပြုခြင်းဖြင့် Spyware၊ Malwareနှင့် Virusများကို ဖယ်ရှားဖျက်ဆီးနိုင်မည်ဖြစ်သည်။ အင်တာနက် Connectionမရှိပါကလည်း Security Definitionများကို Downloadလုပ်ကာ ရယူနိုင်မည်ဖြစ်ကြောင်း Microsoftက ဆိုသည်။ Microsoftသည် Morroကို ထုတ်လုပ်လိုက်ခြင်းဖြင့် ဈေးကွက်တွင် အဓိကပြိုင်ဘက်အဖြစ် ရပ်တည်နေသော Symantec၊ McAfeeစသော အခပေး Antivirusစနစ်များကို အသာရလာရန် မျှော်လင့်ထားသည်။ Betaအဆင့်ဖြင့် စတင်လည်ပတ်နေသော Morroမှာ လက်တလောတွင် သတ်မှတ်ဘာသာစကားအရ အင်္ဂလိပ်၊ ပေါ်တူဂီနှင့် တရုတ်ဘာသာတို့ကိုသာ ထည့်သွင်းရသေးပြီး အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ တရုတ်နှင့် ဘရာဇီးလ်တို့တွင်သာ အဆင်ပြေပြေ အသုံးပြုနိုင်ဦးမည်ဖြစ်သည်။ Microsoftက ကမ္ဘာတ၀ှမ်းလုံး အသုံးပြုနိုင်မည့် အလုံးစုံဖြည့်တင်းပြီးသော Versionကို စက်တင်ဘာလတွင် စတင်လည်ပတ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ကတိပြု ပြောဆိုထားသည်။
Download Link - http://www.microsoft.com/security_essentials/
0 comments:
Post a Comment