အမေရိကန်တွင် ၀က်တုပ်ကွေး ဖြစ်ပွားသူ တစ်သန်းခန့်ရှိ

27/Jun/2009

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (CDC) သည် နိုင်ငံတွင်းတွင် ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများ
ဆုံးသော အသိုင်းအ၀ိုင်းများအတွင်းသို့ သွားရောက်လေ့လာဆန်းစစ်၍ ကွန်ပျူတာမော်ဒယ်များဖြင့် ခန့်မှန်းချက်
များ ပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံတလွှားတွင် H1N1 ဗိုင်းရပ်စ်ကူးစက်ခံရသူအနည်းဆုံးတစ်သန်းခန့်ရှိမည်
ဟု ထုတ်ဖော်ပြောဆိုသည်။ သက်ဆိုင်ရာဌာနများသို့ ၃၀% ခန့်ကသာသတင်းပေးပို့တိုင်ကြားခြင်းပြုသည်။ ယခု
အချိန်သည် တုပ်ကွေးကျရောက်သည့်ရာသီဖြစ်သဖြင့် လာမည့်လအတွင်း ရောဂါခံစားရသောအရေအတွက် ပိုမို
တိုးတက်လာမည်ဖြစ်သည်။ (အေအက်ဖ်ပီ)


0 comments: