သူမအသက်ကတော့ ၁၉ နှစ်ဖြစ်ပြီး နာမည်ကတော့ Alia Sabur လို့ခေါ်ပါတယ်။ သူမကတော့ ၁၇၁၇ ကတည်းက မှတ်တမ်းတင်နိုင်ခဲ့တဲ့ ရူပဗေဒ ပညာရှင် Isaac Newton နဲ့ Colin Maclaurin မှတ်တမ်းတွေကို ချိုးဖျက်ပြီး ကမ္ဘာစံချိန်တင် ဂရင်းနစ် စာအုပ်မှာလဲ အသက်အငယ်ဆုံး ပါမောက္ခလို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ IQ ကတော့ အံ့မခန်းပါ အသက် ၈ လအရွယ်မှာ စာကို စတင်ဖတ်နေပြီလို့သိရပါတယ်။ (မွေးကတည်းက စကားပြောတတ်လာလားမသိဘူး ဟီးဟီး) အသက် ၁၄နှစ်အရွယ်မှာတော့ နယူးယောက် က Stony Brook တက္ကသိုလ်မှာ သင်္ချာနဲ့ ဘွဲ့ရခဲ့ပါတယ်။ သူမရဲ့ ထူးချွန်မှု့ကြောင့် အမေရိကန် နိုင်ငံက နာဆာ အဖွဲ့နှင့် အမျိုးသား သိပ္ပံ ဖောင်ဒေးရှင်းမှ ဆု ချီးမြင့်ခဲ့ပါတယ်။ သူမ ၁၈ နှစ်အရွယ် မှတော့ ကိုးရီးယားနိုင်ငံ Konkuk တက္ကသိုလ် အဆင့်မြင့် နည်းပညာဌာန ကနေပြီး ပါမောက္ခအဖြစ်ငှားရမ်း ခဲ့ခြင်းကိုခံခဲ့ရပါတယ်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment