
အန္ဒိယက ဖမ်းမိထားတဲ့ တောကြီးမြွေဟောက်တစ်ကောင်ကို တွေ့ရစဉ်

မြွေအချင်းချင်းကို ဖမ်းယူစားသောက်ပုံ
ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး သတ္တဝါ များထဲမှာ နောက်တစ်မျိုးကို တင်ပြရမယ်ဆိုရင်တော့ King Cobra (တောကြီး မြွေဟောက်)နောက်တစ်မျိုးအနေနှင့် Ophiophagus hannah(snake eating) ဘဲဖြစ်ပါတယ်။ ဒီမြွေမျိုးတွေဟာ အလျား အရှည်အနေဖြင့် ၅.၆ မီတာ (၁၈.၅ ပေ)အရွယ်အစားအထိ ရှည်တယ်လို့သိရပါတယ်။ ထူးခြားတာကတော့ ဒီ တောကြီးမြွေဟောက်တွေဟာ များသောအားဖြင့် တခြားမြွေများကိုလည်း မိမိရဲ့ သားကောင်အဖြစ် ပြန်လည်ဖမ်းပြီးစားသောက် ကြတယ်။ အထီးများဟာ အမထက်ပိုရှည်ပြီး သေးသွယ်ပါတယ်။ မြွေမတွေဟာ တစ်ခါ ဥရင် အလုံး ၅ဝ မှ ၇၅ လုံးအထိ ဥလေ့ရှိကြပါတယ်။ သက်တန်းအနေနဲ့ကတော့ အနှစ် ၂ဝ အထိ အသက်ရှင်နိုင်ပါတယ်။

ဒို့မြန်မာတွေ လည်း တောကြီးမြွေဟောက်ကို နိုင်ပါတယ်
အာရှ ဆင် လိုသတ္တဝါတွေတောင် ဒီမြွေ အကိုက်ခံရရင် ၃ နာရီအတွင်း အသက်ဆုံးရှုံး သွားကြရတယ်။(လူဆိုရင်တော့ မပြောတော့နဲ့) နောက်တစ်ခုကတော့ ဒီမြွေမျိုးရဲ့ အဆိပ်ဟာ အခြား အဆိပ်ရှိတဲ့ မြွေတွေရဲ့ အဆိပ်နဲ့ မတူဘူးလို့သိရပါတယ်။ တောကြီးမြွေဟောက်ရဲ့ အဆိပ်ကတော့ ဖြေဆေးရှိပါတယ်။ ဒီမြွေမျိုး အကိုက်ခံရပြီး အဆိပ်တက်နေတဲ့ လူတစ်ယောက်ဟာ အချိန်မှီ အဆိပ်ပြေဆေး ၅ ကြိမ်လောက် ထိုးပြီးတဲ့အခါမှာ black mamba (အာဖရိကတိုက်ရှိ မြွေတစ်မျိုး) မြွေအကိုက်ခံ ရတဲ့ သူတက် ပိုပြီး အဆိပ်ပြေမြန်တာကို တွေ့ရပါတယ်။

black mamba (အာဖရိကတိုက်ရှိ မြွေတစ်မျိုး)
ဒီလို အလွန်အဆိပ်ပြင်းတဲ့ တောကြီးမြွေဟောက်တွေကိုတော့ တောင်အာရှနဲ့ အရှေ့တောင်အာရှရှိ တောနက်များထဲမှာ ကျက်စားသွားလာပြီး အိန္ဒိယ နိုင်ငံမှာ အများဆုံးတွေ့ရတတ်ပါတယ်။
အတိုချူပ် အချက်များ -
၁၊ တောကြီးမွေဟောက်မှာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်ရှိမြွေတွေထဲက အကြီးဆုံး နဲ့ အဆိပ်အပြင်းဆုံး မြွေမျိုးဖြစ်ပါတယ်။
၂၊ အရှေ့တောင်အာရှ နဲ့ တောင်အာရှ တို့မှာ အများဆုံးနေထိုင် ကျက်စားသွားလာပါတယ်။
၃။ သက်တမ်းအားဖြင့် တော့ ပျှမ်းမျှ ၂ဝ နှစ်ခန့် ရှည်ပါတယ်။
၎။ အထူးခြားဆုံးကတော့ ကမ္ဘာပေါ်မှာရှိတဲ့ မြွေတွေအထဲမှာ ဒီတောကြီးမြွေဟောက်တစ်မျိုးတည်းသာ အသိုက်ဆောက်ပြီးနေထိုင် တာဖြစ်ပါတယ်။
၅။ ဒီမြွေတွေဟာ အများအားဖြင့် တနေကုန် အစာရှာထွက်တတ်ကြပြီး ညဖက်မှာတော့ အစာရှာထွက်ခြင်းမရှိပါဘူး။
သို့သော်လည်း ရံဖန်ရံခါတော့ ညဖက်မှာ အစာရှာတတ်ကြပါတယ် (နေ့ခင်း ဖက်ဂွင်မထည့်တော့ ညဖက်ထွက်ပြီး
ရှာရတာဖြစ်မှာပေါ့)
0 comments:
Post a Comment