ဝေါလ်စထရိတွင် ဘဏ်နှင့် စွမ်းအင် စတော့များ ဦးဆောင်၍ ဈေးကွက်တစ်ခုလုံး တက်ရိပ်ပြ

.





5/Jun/2009






အမေရိကန်နိုင်ငံ အလုပ်သမားဈေးကွက် ပြန်လည်ကောင်းမွန်လာကြောင်း ကြာသပတေးနေ့က
အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကြောင့် စီးပွားရေး နလန်ထူလာနိုင်သည့် မျှော်လင့်ချက်များလည်းမြင့်
တက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် လပေါင်းများစွာ လျော့နည်းကျဆင်းခဲ့သောစွမ်းအင်ဝယ်လိုအားသည်လည်း
ပြန်လည်မြင့်တက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် စွမ်းအင်စတော့များနှင့်ဘဏ်ရှယ်ယာများ ကြာသပတေးနေ့က
ဝေါလ်စထရိတွင် အတက်ဘက်သို့ ပြသနေသဖြင့် ကျန်သည့်ရှယ်ယာများအားလုံး အနည်းနှင့်အများတက်ရိပ်ပြခဲ့
သည်။ ဥပမာအားဖြင့် Goldman sachs သည် ၅% တက်၍ အက်စွန်မိုဗွီးနှင့် ရှဗရွန် စတော့များလည်း အတက်ပြ
ခဲ့သည်။ တစ်ဖက်တွင်လည်း မေလအတွင်းတွင် လက်လီအရောင်းပမာဏ ကျဆင်းနေသည်ကိုတွေ့ရသည်။ စား
သုံးသူများသည် စီးပွားရေး နက်ရှိုင်းစွာကျဆင်းမှု ဒဏ်ကို စိုးရွံ့လျက်ရှိကြောင်းပြသလျက်ရှိသည်။စတော့အညွှန်း
ကိန်းများဖြစ်သော ဒေါဂျုံး၊ နက်စတက်၊ စတန်းဒက်အန်ပူး တို့လည်း အသင့်အတင့်တက်ရိပ်ပြခဲ့သည်။(ဆင်ဟွာ)



0 comments: