စင်္ကာပူအတွက် နောက်ဆုံးထုတ် iPhone အသစ်

စင်္ကာပူအတွက် နောက်ဆုံးထုတ် iPhone အသစ်

10/Jun/2009






လာမည့် ဇူလိုင်လမှစ၍ စင်္ကာပူနိုင်ငံ Sing Tel ဆက်သွယ်ရေးကုမ္ပဏီ၏ Smart ဖုန်းသုံးစွဲသူများ
သည် နောက်ဆုံးအဆင့်မြင့်ထုတ်လုပ်ထားသော iphone 3Gs ဆော့ဖ်ဝဲလ်ကို အခမဲ့ထည့်သွင်းအသုံးပြုနိုင်တော့
မည်ဖြစ်သည်။ ဆော့ဖ်ဝဲလ်အသစ်တွင် cut, copy, paste function အပြင် landscape keyboard နှင့် MMSစနစ်
လည်းပါဝင်သည်။ ၎င်းဆောဖ်ဝဲလ်ကြောင့် ဖုန်း၏ ဆက်သွယ်မှုနှုန်းသည် နှစ်ဆခန့် ပို၍မြန်လာမည်ဖြစ်သဖြင့်အင်
တာနက်ဆက်သွယ်ရာတွင် ပိုမို အဆင်ပြေမည်ဖြစ်သည်။ ၎င်းတွင် 3MP auto focus ကင်မရာပါ၍ ဗီဒီယိုလည်း
ရိုက်နိုင်သည်။ ၀ိုင်ဖိုင်စနစ်ဖြင့် အင်တာနက်ချိတ်ဆက်ရာတွင် ယခင်ကထက် သုံးနာရီပို၍ကြာရှည်စွာသုံးစွဲနိုင်မည့်
ဘက်ထရီလည်း ထည့်သွင်းထားသည်။ ၁၆ gb မော်ဒယ်အတွက် ဒေါ်လာ 199 ကျသင့်မည်ဖြစ်သည်။၎င်းဖုန်းကျ
ပျောက်သွားပါက ဖုန်း၏တည်နေရာကို ညွှန်ပြသည့် စနစ်တစ်ခုပါရှိ၍ဖုန်းတွင်းဒေတာများကိုအဝေးထိန်းစနစ်ဖြင့်
ဖျက်ပစ်နိုင်လေသည်။ (အေအက်ဖ်ပီ)



0 comments: