ကင်းခြေများ (Centipede)




လူတွေအမြင်မှာ ပိုးနသန်ကောင်နဲ့ ကင်းခြေများ ဟာ ခဏခဏ မှားယွင်းတတ်သော သတ္တဝါဖြစ်ပါတယ်။ ကမ္ဘာ အဆိပ်ပြင်းဆုံး သတ္တဝါထဲမှာ မပါပေမဲ့လဲ အဆိပ်ရှိသတ္တဝါတစ်ကောင် ဖြစ်ကြောင်းကို လူတိုင်းသိရှိပြီးသားဖြစ်ပါတယ်။ သူတို့ ရဲ့ ခန္ဓာကိုယ်ဟာ အဆစ်ငယ်များနဲ့ ဖွဲ့စည်းထားပြီး ကင်းခြေများတစ်ကောင်ဟာ အဆစ်ငယ်ပေါင်း ၁၂ ဆစ်ကျော်မှ ၁ဝဝ ဆစ်အတွင်းရှိပါတယ်။
သူ့ရဲ့ သန်မာတဲ့ မေးရိုး၊ သွား၊ အဆစ် နဲ့ ခြေထောက်များစွာ ရှိပါတယ်။ သားကောင်တွေကို တိုက်ခိုက် ဖမ်းတဲ့အချိန်တိုင်း သူရဲ့ ချွန်ထက် မာကျောတဲ့ အမှီးနှစ်ချောင်း မှာရှိတဲ့ အဆိပ် ဂလမ်း တွေကအလိုအလျှောက် ထက်လာတယ်လို့ သိရပါတယ်။ သူတို့ရဲ့ သားကောင်များကတော့ ကြွက၊် ပင့်ကူ၊ မြွေများ၊ ငှက်ငယ်လေးများနှင့် အခြားပိုးမွှားများ ဖြစ်ပါတယ်။ အရွယ်အစား အနေအားဖြင့်တော့ ၃ဝ စင်တီမိတာ တစ်ပေ ခန့် အထိ ကြီးထွားတတ်ပါတယ်။





0 comments: