Brazilian Wandering Spider
အဆိပ်အပြင်းဆုံးသတ္တဝါ တွေထဲက နောက်တစ်မျိုးကိုဖော်ပြရမယ်ဆိုရင်တော့ ၂ဝဝ၇ ခုနှစ်ကမှ ကမ္ဘာစံချိန်မှတ်တမ်း ဂရင်းနစ်စာအုပ် ထဲမှာ မှတ်တမ်းအတင်ခံလိုက်ရတယ် Brazilian Wandering Spider ဆိုတဲ့ ပင်ကူမျိုးဘဲဖြစ်ပါတယ်။ နောက်တစ်မျိုးအနေနဲ့ လဲ banana spider တိုက်ရိုက် လူပိန်း ဘာသာပြန်သလိုပြန်ရင်တော့ ငှက်ပျောသီး ပင့်ကူ လိုအဓိပ္ပါယ်ရပါတယ်။ (မြန်မာလို ဘယ်လိုခေါ်လဲ ကျွန်တော်လဲမတိဘူး ဟီးဟီး) တောကြီးပင့်ကူလဲမဟုတ်ဘူးလေ။ ဒီပင့်ကူမျိုးဟာ ၈ဝဝဝဝ ကျော်ရှိတဲ့ ပင့်ကူမျိုး အားလုံးထဲမှာ အဆိပ်အပြင်းဆုံး ပင့်ကူမျိုးဘဲဖြစ်ပါတယ်။သက်တမ်းအနေအားဖြင့်တော့ ဒီပင့်ကူတွေက (၁)နှစ်ကနေ (၂) အထိ ရှိတတ်ကြပါတယ်။ သူတို့ရဲ့ ဖမ်းစီးစားသောက်တဲ့ သားကောင်တွေကတော့ ပိုးဟပ်၊ ပိုးမွှားများ၊ အိပ်မြှောင်၊ ပုရစ် တို့ဘဲဖြစ်ကြပါတယ်။ ဒီပင့်ကူတွေရဲ့ အဆိပ်ကတော့ ဦးနှောက်ကို ဘဲ တိုက်ရိုက် ထိခိုက်စေတဲ့အဆိပ်မျိုးပါ။ ဒီပင်ကူရဲ့အဆိပ် ဝ.ဝဝ၆ မီလီဂရမ်က ကြွက်တစ်ကောင်ကို ချက်ခြင်း သေစေနိုင်တဲ့ အထိကိုပြင်းပါတယ်။ အချိန်မှီကုသနိုင်ရင်တော့ အသက်ဆုံးရှုံုးခြင်းမှာ လွတ်မြောက်နိုင်ပါတယ်။ မှတ်တမ်းများအရတော့ ဒီပင်ကူ ယှက်ခံရတဲ့ လူပေါင်း ၇ဝဝဝ ကျော်အထဲမှာတော့ (၁ဝ) ယောက်ကျော်ဟာ အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့သိရပါတယ်။

ပင့်ကူအကိုက်ခံရတဲ့ နေ့ကစပြီး ၉ ရက်မမြောက်နေ့ မှာ လက်ပုံဟာ ဒီလိုခွဲစိတ်မှု့ခံယူခဲ့ရပုံ
ဒီပင့်ကူများဟာ နေ့အချိန်မှာ ပုန်းအောင်နေတတ်ပြီး ညအချိန်မှသာ အပြင်ထွက်လေ့ရှိတာကိုတွေ့ရပါတယ်။ လူနေအိမ်များ၊ အဝတ်အထည်များ၊ ရှုးဖိနပ်များ နှင့် ကားများအထဲမှာလဲ ခိုအောင်းတတ်ပါတယ်။ပင့်ကူတိုင်းအဆိပ်ရှိပါတယ် သူတို့အဆိပ်ပြည့်နေတဲ့ အချိန်မှာ အကိုက်ခံရရင် တော်တော် ပြင်းပြင်းထန်ထန် နာကျင်ခံစားရပါတယ်။
0 comments:
Post a Comment