မိန်းမလှကျွန်းကို (Ecotourism) အဖြစ် နိုင်ငံခြားသားခရီးသည်များအား ဆွဲဆောင်မည်

.

သဘာဝတိရစ္ဆာန်များပေါများသော မိန်းမလှကျွန်းကို (Ecotourism) အဖြစ် နိုင်ငံခြားသားခရီးသည်များအား ဆွဲဆောင်မည်

ရန်ကုန်၊ မိန်းမလှကျွန်းတွင် သဘာဝ အတိုင်း နေထိုင်ကျက်စားလျက်ရှိကြ သော ကုန်းနေ၊ ရေနေသတ္တ၀ါများနှင့် သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်း(Ecotourism) အဖြစ် ပြသဆွဲဆောင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါမိန်းမလှကျွန်းတွင် Ecotourism အဖြစ်ပြသနိုင်ရန် သစ်တော သယံဇာတပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) နှင့် ပြည်တွင်းခရီးသွားလုပ်ငန်း အချို့တို့မှ ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
"မိန်းမလှကျွန်းမှာက ငှက်အမျိုး ပေါင်း ၁၀၀ကျော်ရှိတယ်။ လင်းပိုင်၊ လိပ်၊ မိကျောင်း၊ ဖျံ၊ မျောက်၊ တောခွေးစတဲ့ သဘာဝအတိုင်း ကျင်လည်ကျက်စား နေတဲ့ တိရစ္ဆာန်တွေရှိတယ်။ ပြည်ပခရီး သွားတွေက ဒီလိုသဘာဝအခြေခံပြီး လေ့လာရတာကို သဘောကျတယ်။ ဒါ ကြောင့် ခရီးသွားလုပ်ငန်းတွေနဲ့ချိတ်ဆက် ပြီး Package Tour ပုံစံလေးတွေ ဖန်တီး ပေးနေတယ်။ ပိုက်ဆံလိုချင်လို့ မဟုတ် ဘူး။ မြန်မာနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် ကို ကြော်ငြာပေးတဲ့သဘောပဲ" ဟု FREDA မှ ဦးအုန်းက ဆိုသည်။
ယင်းကဲ့သို့ ပြည်ပခရီးသွားများ လာရောက်လေ့လာကြလျှင် ယင်းမိန်းမ လှကျွန်းပတ်ဝန်းကျင်ရှိ ရွာများမှလည်း ၀င်ငွေများရရှိကြောင်း သိရသည်။ ရွာ သူ၊ ရွာသားများအနေဖြင့် မြန်မာ့ရိုးရာ ခြင်းလုံးများခတ်ပြ၍ ခြင်းလုံးများပြုလုပ် ရောင်းချခြင်း၊ လက်မှုဦးထုပ်များရောင်း ချခြင်းအစရှိသည်တို့မှ ၀င်ငွေများရရှိ ကြောင်း၊ ယင်းအပြင် တိုင်းရင်းသားရိုးရာ ဒုံးယိမ်းအက၊ ရခိုင်အကစသည်ဖြင့် ဖျော် ဖြေကပြကြသည်ကို ပြည်ပဧည့်သည်များ က သဘောကျကြကြောင်း သိရသည်။


0 comments: