ကမ္ဘှာ့ အဆိပ် အပြင်းဆုံး သတ္တဝါ များ အပိုင်း (3)

Marbled corn snail (စကျင်ကျောင်ကတော့ပုံ ခရု)


ကမ္ဘာအဆိပ် အပြင်းဆုံး သတ္တဝါတွေထဲ က နောက်တစ်မျိုးကို တင်ပြရမယ်ဆိုရင်တော့ Marbled corn snail (စကျင်ကျောင်ကတော့ပုံ ခရု)ဘဲဖြစ်ပါတယ်။ အခြားသတ္တဝါများကို သေစေနိုင်တဲ့ အဆိပ်ရှိတဲ့ ခရုတစ်ကောင်ဘဲ ဖြစ်ပါတယ်။ အဲ့ဒီခရုရဲ့ အဆိပ်စက် တစ်စက် ဟာဆိုရင် လူအယောက်ပေါင်း ၂ဝ ကျော်ကို သေစေနိုင်တဲ့အထိပြင်းပါတယ်။ ဒီခရုတွေဟာ ကမ္ဘာတဝန်းရှိ ပင်လယ်နွေူလဆားငံရည်ထဲမှာ ရှိ တာကြောင့် တွေ့ခဲ့ရင်တော့ လှလိုက်တာဆိုပြီးတော့ ကောင်မယူလိုက်ပါနဲ့ သူ့အဆိပ်ထိတဲ့ သားကောင်ဘဝကို တခါတည်းရောက်သွားရပါလိမ့်မယ်။ သူ့ရဲ့အဆိတ်နဲ့ တိုက်ခိုက်ခံလိုက်ရရင်တော့
၁၊ အဆိပ်ထိသောနေရာ တွင် အလွန် ပြင်းထန် နာကျင်စွာ ခံစားရမည်
၂၊ အလွန် ရောင်ရမ်းလာမည်။
၃။ အဆစ်ဆစ် ကိုက်လာမည်။
၎။ ကြွက်သားတွေ လုပ်လှုပ်ရှားမရတော့ဘဲ အာရုံကြောတွေ ပျက်စီးကာ လေဖြတ်သကဲ့သို့ ဖြစ်လာမည်။
၅၊ နောက်ဆုံး အသက်ရှုရပ်ပြီး အသက်သေဆုံး တို့ဖြစ်ပါတယ်။
မှတ်တမ်းများအရတော့ အဲ့ဒီခရုအဆိပ်မိလို့သေခဲ့ရတဲ့လူပေါင်း ၃ဝ ကျော်ပြီလို့သိရပါတယ်။

0 comments: