ကမ္ဘှာ့ အဆိပ် အပြင်းဆုံး သတ္တဝါ များ အပိုင်း (၄)




ကမ္ဘာပေါ်မှာ ရှိတဲ့ အဆိပ်အပြင်းသုံးသတ္တဝါများထဲကနေပြီးတော့ နောက်တမျိုးကိုဖော်ပြရမယ်ဆိုရင်တော့ Blue-Ringed Octopus (အပြာရောင်အကွင်းများနဲ့ရေဘဝဲ) ဘဲဖြစ်ပါတယ်။ ဒီရေဘဝဲ ရဲ့ အရွယ်အစားကတော့ ဂေါက်သီး လောက်ဘဲရှိပါတယ်။ သူ့ခန္ဓာကိုယ် အတွင်း မှာ ရှိတဲ့ အဆိပ်ကတော့ လူ အယောက်ပေါင်း ၂၆ ယောက်ကို မိနစ်ပိုင်းအတွင်းမှာ သေစေနိုင်ပါတယ်။ Blue-Ringed Octopus ရဲ့ အဆိပ်ကတော့ ကမ္ဘာပေါ်မှာ ဖြေဆေးမရှိသေးပါဘူး။ ဒီသတ္တဝါဟာ သူ့ရဲ့သားကောင်ကို ဖမ်းစားဖို့ ထုတ်တဲ့အဆိတ်နဲ့ သူ့ကို အန္တရယ် ပြုမဲ့ သတ္တဝါတွေကို ခိုက်တဲ့အဆိတ်ခြင်းကတော့ မတူပါဘူး။ သူ့အဆိပ်ကို ထိမိခဲ့ရင်တော့ နာကျင်မှု့ ဝေဒနာ ကို မခံစားဘဲ တဖြည်းဖြည်းနဲ့ မျက်စီများမှုန်ဝါးလာပြီး စက္ကန့်ပိုင်းအတွင်းမှာဘဲ အမြင်အာရုံကို ဆုံးရှုံးသွားခြင်း၊ စကားပြောလို့မရတော့သလို မည်သည့်အရာမှ မျိုချ၍ မရတော့ခြင်း၊ ကြွက်သားများဟာ အားအင်ကုန်ဆုံး ချိနဲ့လားပြီးလေဖြတ်သကဲ့သို့ဖြစ်ကာ နောက်ဆုံး အသက်ရှုရုတ်တရက် ရပ်ကာ သေဆုံးသွားတဲ့အထိပါဘဲ။ ဒီ အပြာရောင်အကွင်းများနဲ့ရေဘဝဲ ကို တော့ သြစတေးလျနဲ့ ဂျပန် ပစီပိတ် သမုဒ္ဒရာ တွေမှာ ဒီရေ တက်ချိန်ဆို တွေရတတ်ပါတယ်။

0 comments: