ဟောင်ကောင်တွင် တတိယ အကြိမ်မြောက် အက်ဆစ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား

.





10/Jun/2009





ဟောင်ကောင်၏ လူစည်ကားသော လမ်းမတစ်ခုတွင် တနင်္လာနေ့ ညနေပိုင်းကတိုက်ခန်းပေါ်မှ
အက်ဆစ်ရည်များလောင်းချသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂၄ ဦး မျက်နှာနှင့် ခြေလက်များအပူလောင်ဒဏ်
ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များက CCTV ၏ ရိုက်ကူးထားသော မှတ်တမ်းများမှတဆင့် သဲလွန် စရှာဖွေလျက်ရှိ
သည်။ ယင်းတိုက်ခိုက်မှုသည် လုံခြုံရေးစနစ် တပ်ဆင်ပြီးနောက် နာရီအနည်း ငယ်အတွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်
သည်။ ၂၀၀၈ ဒီဇင်ဘာလက တစ်ကြိမ်၊ ၂၀၀၉ မေလက တစ်ကြိမ်နှင့် ယခု ဇွန်လတွင် ထပ်မံဖြစ်ပွားသော ယင်း
တိုက်ခိုက်မှု၏ တရားခံမှာ တစ်ယောက်တည်း၊ တစ်စုတည်း ဖြစ်နိုင်သည်ဟု အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေး
ပေ။ တရားခံအား ဖမ်းမိနိုင်ရန် သဲလွန်စများ ပေးနိုင်သည့်သူအားအမေရိကန်ဒေါ်လာ 115000 ဆုချမည်ဟုရဲတပ်
ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။ (အေအက်ဖ်ပီ)




0 comments: