ကမ္ဘာ အကြီးဆုံး ကြက်ဥအဖြစ် ဂရင်းနစ်စံချိန်တင်နိုင်ဖို့ မျှော်လင့်နေတဲ့ သူ

.


တရုတ်နိုင်ငံက Zhang Yinde ဆိုတဲ့သူက သူ့အိမ်မှာမွေးထားတဲ့ ကြက်မဥတဲ့ဥကို ကမ္ဘာ့ ဂရင်းနစ် စံချိန်အဖြစ်သတ်မှတ်ပေးဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ သူ့ကြက်မဥတဲ့ ကြက်ဥအရွယ်ကတော့ အလျှား ၆.၃ စင်တီမီတာ၊ အနံ (အရှည်) ၉.၂ စင်တီမီတာဖြစ်ပြီး ၂ဝ၁ ဂရမ်လေးတယ်လို့သိရပါတယ်။ သာမာန်ကြက်ဥတွေနဲ့ယှဉ်လိုက်ရင်တော့ အဲ့ဒီကြက်ဥက သုံးဆလောက်ပိုပြီးကြီးနေပါတယ်။ ကြက်ပိုင်ရှင်ကတော့ မျှော်လင့်ချက်တွေနဲ့ ကြက်ဥကို ရေခဲသေတ္တာထဲမှာ သိမ်းထားတယ်လို့သိရပါတယ်။ "ကျွန်တော်သိရသလောက်တော့ လက်ရှိ ဂရင်းနစ် စံချိန်တင်ထားတဲ့ ကြက်ဥက ၁၇၆ ဂရမ်သာရှိတယ်လို့ ကျွန်တော်သိထားပါတယ်။ ဒါကြောင့်လဲ ကျွန်တော့်ကြက်ဥက ဒီစံချိန်ကို ချိုးဖြတ်ပြီး စံချိန်သစ်အဖြစ် အသိအမှတ်ပြုဖို့ ကျွန်တော် သွားရောက်ပြောကြာမှာပါ" လို့ ကြက်ဥပိုင်ရှင်က ပြောကြားခဲ့ပါတယ်။


0 comments: