မျိုးတုန်းသွားသော အမွှေးရှည်ဆင်များဧ။် အစွယ်ဖြင့်ပြုလုပ်ထားသော ပုလွေများတွေ့ရှိ

.

လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝဝဝဝ (လေးသောင်း) ခန့်က အသုံးပြုခဲ့သည့် ပုလွေများကို သိပ္ပံပညာရှင်တွေ က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လင်းတ(လဒ) ငှက်အရိုးနဲ့လုပ်ထားတဲ့ ပုလွေမှာ တော့ အပေါက်ငယ်ငါးပေါက်ပါရှိပါတယ်။ ကျန်နှစ်ချောင်းက မျိုးတုန်းပျောက်ကွယ်သွားပြီးဖြစ်တဲ့ အမွှေးရှည် ဆင်ကြီးများရဲ့ အစွယ်နဲ့ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီရှေးဟောင်းပုလွေတွေကိုတော့ အနောက်ဂျာမဏီ Ulm ဂူနားမှာ တူးဖော်တွေ့ရှိ့ခဲ့တာဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနပညာရှင် Nicholas Conard ကတော့ ဒီပုလွေတွေဟာ ဟိုးကျန်ခဲ့တဲ့ နှစ်ပေါင်း ၃၅ဝဝဝ - ၄ဝဝဝဝ မှာရှိခဲ့တဲ့ ဥရောပတိုင်းသားတွေရဲ့ အတည်တကျဖြစ်တဲ့ ရှေးအကျဆုံး အနုပညာဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။


0 comments: