စိတ်ခံစားချက်ကို မျက်နှာအမူအရာနဲ့လှုပ်ပြနိုင်တဲ့စက်ရုပ်



ပျော်ရွင်ခြင်း၊ စိတ်ပျက်ခြင်း၊ ဝမ်းနည်း၊ ဝမ်းသာ ... စသည့် မတူညီသည့် စိတ်ခံစားနေရသော အမူအရာများအနက် ၇ မျိုးကို ပြုလုပ်ဖော်ပြနိုင်သော စက်ရုပ်ကတော့ ဂျပန်နိုင်ငံ တိုကျိုမြို့က Waseda တက္ကသိုလ် မှာ တွေ့ရှိနိုင်ပြီဖြစ်ပါတယ်။ သူ့နာမည်ကတော့ Kobian လို့ခေါ်ပြီး ပြောတဲ့အတိုင်း စိတ်ခံစားမှု့ပုံစံအမူအရာများကို လုပ်နိုင်ဖို့အတွက် လှုပ်ရှားနိုင်တဲ့ မျက်ခုံးမွေး၊ မျက်ခွံ နဲ့ ပန်းရောင်ရှိတဲ့ နှုတ်ခမ်းတစ်စုံ အပြင် လည်ပင်း ခါး နဲ့ ခြေထောက်များဘဲဖြစ်ပါတယ်။ ဝမ်းနည်းတဲ့ပုံစံမျိုးလုပ်ပြမယ်ဆိုရင် မျက်ခွံမိတ်သွားပြီးလက်ကလည်း ခေါင်းကိုသွားရောက်ထိတဲ့ ပရိုဂမ်မျိုးထည့်ထားပြီး ဝမ်းသာပြီး အောင်ပွဲခံတဲ့ အမူအရာကို သရုပ်ဖော်ပြဖို့ဆိုရင်တော့ လက်နှစ်ဖက်ကို မြှောက်ကာ ပါးစပ်ဟပြီး မျက်လုံးကိုလည်း ကျယ်ကျယ်ပွင့်လာအောင် လုပ်ထားတဲ့ ပရိုဂမ်ကိုထည့်ထားပါတယ်။ ဒီစက်ရုပ်ကို ခေါင်းဆောင်ပြီး တီထွင်ခဲ့သူကတော့ Waseda တက္ကသိုလ် နဲ့ ဂျပန်နိုင်ငံ တောင်ပိုင်းက Tmsuk စက်ရုပ်ထုပ်လုပ်ရေးက ဖရော်ဖက်ဆာ Atsuo Takanashi ဖြစ်ပါတယ်။ သူရဲ့လက်နှစ်ဖက်ကတော့ ရာဘာနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

ကဲ့ဒီမှာ Kobian ဆိုတဲ့ စက်ရုပ်ရဲ့ လှုပ်ရှားပုံကို ကြည့်လိုက်ပါအုံး





0 comments: