တရုတ်နိုင်ငံတွင် အပူလှိုင်း ကျရောက်၍ လေးဦး သေဆုံး

26/Jun/2009

တရုတ်နိုင်ငံဒေသတစ်ချို့တွင် အပူလှိုင်းဖြစ်ပေါ်မှုကြောင့် ပြည်သူများသည် နေကာမျက်မှန်တပ်
ဆင်၍ လမ်းမပေါ်တွင် သွားလာလှုပ်ရှားနေရပြီးဘတ်စ်ကားများပေါ်တွင်လည်း လေအေးပေးစက်ကို အစွမ်းကုန်
အရှိန်မြှင့်ထားရကြောင်းသိရသည်။ နိုင်ငံအရှေ့ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းဒေသများတွင်ကြာသပတေးနေ့က
အပူလှိုင်းဖြစ်ပေါ်မှုကြောင့် ဒေသအတော်များများ၌အပူချိန် ၄၀ံဆဲလ်ဆီးယပ်စ်ကျော်ရှိခဲ့ကြောင်းမိုးလေ၀သဌာန
က သတင်းထုတ်ပြန်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် Zhengzhou
မြို့တွင် အပူလှိုင်း ကျရောက်မှုကြောင့် သက်ကြီးရွယ်အိုလေးဦး သေဆုံးခဲ့ကြောင်းသိရသည်။ ယင်းမြို့အပူချိန်
သည် ယခုနှစ်နွေရာသီ၌ 41.9 ဒီဂရီဆဲလ်စီးယပ်သို့ စံချိန်တင်မြင့်တက်ခဲ့သည်။ နိုင်ငံမြောက်ဘက်ပိုင်းရှီ အတွင်း
မွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hohhot မြို့တွင်လည်းနွေနေ့လည်အပူချိန်ကိုရှောင်ရှားနိုင်ရန် အလုပ်
ချိန်အပြောင်းအလဲပြုလုပ်ထားရသည်။ အလားတူ အပူလှိုင်း ဖြစ်ပေါ်မှုကြောင့် နိုင်ငံအရှေ့ဘက်ပိုင်း Shandong
ပြည်နယ် Jinan မြို့ရှိ မူလတန်းကျောင်းတစ်ချို့ကို ယာယီပိတ်ထားရသည်။ (ဆင်ဟွာ)


0 comments: