ကမ္ဘှာ့ အဆိပ် အပြင်းဆုံး သတ္တဝါ များ အပိုင်း (၅)



ကင်းမှီးကောက် (scorpion) လို့ပြောလိုက်တာနဲ့ လူကို မသေစေဘဲ အဆိပ်ရှိ အန္တရာယ် သတ္တဝါဆိုတာကို တော့ လူတိုင်း သိရှိထားပြီးဖြစ်ပါတယ်။ သူရဲ့အဆိပ်ကလည်း အင်မတန် နာကျင်ကိုက်ခဲပြီး ရောင်ရမ်းမှုတွေကို ခံစားရတယ်ဆိုတာလဲ သိရှိထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ Death Stalker Scorpion ရဲ့ အဆိပ်ကတော့ လူကို သေစေတဲ့အထိ အန္တရာယ်ပေးတဲ့ သတ္တဝါပါ။ ဒီ ကင်းမှီးကောက်ရဲ့ အမှီး ထိုးခံထိခဲ့ရင်တော့ အပြင်းဖျားခြင်း အသက်ရှုကြပ်လာ၍ အသက်ရှုလို့ မရတော့ခြင်း၊ ကိုမာရောဂါ လေဖြတ်ရောဂါ တို့ဖြစ်သကဲ့သို့ဖြစ်ကာ နောက်ဆုံး သေဆုံးရတဲ့အထိပါဘဲ။ အဆိုပါ ကင်းမှီးကောက်တွေဟာ သက်တမ်းအနေဖြင့် (၂)နှစ်ကနေ (၆) အထိ ရှိပါတယ်။ သူတို့ဖမ်းစားတဲ့ သားကောင်တွေကတော့ ပိုးမွှားများ ပင်ကူများနဲ့ အခြားကင်းမှီးကောက်များ၊ အိမ်မြှောင်များ၊ မြွေများနဲ့ ကြွက်များတို့ ဖြစ်ပါတယ်။ အဲ့ဒီလိုဆိုးဝါးလှတဲ့ အဆိပ်ရှိတဲ့ ကင်းမှီးကောက်ကိုတော့ မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေက ခြောက်သွေ့တဲ့ ကျောက်တုန်းများနဲ့ မြေကျစ်စာဂဲများအောက် မှာတွေ့ ရှိရပါတယ်။

ကဲ့ ဒီမှာ Death Stalker Scorpion ရဲ့သားကောင်း ဖမ်းစားပုံကို ကြည့်လိုက်စို့



1 comments:

သားကြီး said...

မှတ်မှတ်ရရကိုယ်၁၀တန်းဖြေတဲ့နှစ်မှာစာကျက်နေရင်းအိပ်ငိုက်နေတာ ကင်းမှီးကောက်ဝင်ကိုက်ပါလေရော
မျက်လုံးကပွင့်ရုံမကဘူး မီးပါပွင့်သွားတယ် ဟီး :)