အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ် ယှဉ်ပူးမှု ဖြစ်စဉ် ဇွန်လ ၂၁ ရက်နေ့တွင် ဖြစ်ပေါ်မည်

.

8/Jun/2009


ဇွန်လ ၂၁ရက်နေ့၌ဖြစ်ပေါ်မည့် အင်္ဂါဂြိုဟ်နှင့်သောကြာဂြိုဟ် ယှဉ်ပူးမှုဖြစ်စဉ်ကို နက္ခတ်တာရာကြည့်
မှန်ပြောင်းဖြင့် ကြည့်ပါက သောကြာဂြိုဟ်ထက်အင်္ဂါဂြိုဟ်ပိုမိုအားကောင်းမှုကြောင့် အင်္ဂါဂြိုဟ်ကို အလင်းအားပိုမို
ကောင်းစွာမြင်တွေ့နိုင်ကြောင်း နက္ခတ်ပညာကျွမ်းကျင်သူအချို့က သုံးသပ်ပြောကြားပါသည်။ အင်္ဂါဂြိုဟ်နှင့်သော
ကြာဂြိုဟ်ယှဉ်ပူးမှုဖြစ်စဉ်များသည်တစ်နှစ်လျှင် ပုံမှန်နှစ်ကြိမ်မှလေးကြိမ်အထိ ဖြစ်လေ့ရှိသော်လည်းရံဖန်ရံခါတွင်
တစ်နှစ်ပတ်လုံးယှဉ်ပူးမှုမရှိသည့် နှစ်များလည်း ရှိကြောင်းသိရသည်။ ဇွန်လ ၂၁ရက်နေ့၌ အင်္ဂါဂြိုဟ်နှင့်သောကြာ

ဂြိုဟ် ယှဉ်ပူးမှုဖြစ်စဉ် ဖြစ်ရန်ရှိမှုနှင့် ပတ်သက်၍ နက္ခတ်ပညာရှင်တစ်ဦးက“အခုဖြစ်စဉ်အနေနဲ့ဂြိုဟ်နှစ်လုံးရဲ့ယိုင်
ထောင့် ကြန္ထီအကွာအဝေးကနှစ်ဒီဂရီအတွင်းမှာ ဖြစ်ပေါ်မှာဖြစ်ပြီးတော့ မိဿရာသီခွင် အတွင်းမှာဖြစ်ပေါ်မှာပါ။
မိဿရာသီက အင်္ဂါဂြိုဟ်ပိုင်ပြီး အလင်းအားကောင်းတဲ့ ကသစ်အိမ်ဖြစ်ပြီး သောကြာဂြိုဟ် အားနည်းတဲ့ပြအိမ်ဖြစ်
ပါတယ်။ အဲဒီဂြိုဟ်နှစ်လုံးရဲ့ ယှဉ်ပူးမှုမှာအင်္ဂါဂြိုဟ်ကသောကြာဂြိုဟ်ထက်ပိုအားကောင်းတဲ့အတွက်နက္ခတ်တာရာ
ကြည့်မှန် ပြောင်းနဲ့ကြည့်မယ်ဆိုရင် အင်္ဂါဂြိုဟ်ကိုအနီရောင်မီးကျီးခဲသဏ္ဍာန် တောက်တောက်ပပ တွေ့ရပြီး သော
ကြာဂြိုဟ်ကိုတော့ ဂြိုဟ်အားနည်းတဲ့အတွက် အဖြူရောင်ဖျော့ဖျော့သဏ္ဍာန်နဲ့ပဲ တွေ့ရမှာပါ။ အခုလို အင်္ဂါဂြိုဟ်နဲ့
သောကြာဂြိုဟ်ယှဉ်ပူးတာကို ၁၉၀၀ပြည့်နှစ်ကနေ ၂၀၁၀ပြည့်နှစ်အတွင်း မှာ (၁၀၂)ကြိမ်အထိ တွေ့ရှိနိုင်ပြီး အခု
တွေ့ရှိတဲ့အကြိမ်ကတော့ အကြိမ် ၁၀၀မြောက်ဖြစ်ပါတယ်။ ယခုဖြစ်ပေါ်မည့် အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်ယှဉ်ပူး
မှုမှာ ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ဝန်းကျင်၌ အရှေ့လောင်ဂျီတွဒ် ၁၂၇ဒီဂရီဝန်းကျင်နှင့် မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ
ဝန်းကျင်၌ဖြစ်ပေါ်မည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ်ဇွန်လ ၁၀ရက်နေ့ထုတ် Weekly Elevenဂျာနယ်တွင်ဖော်ပြထားပါ
သည်။

0 comments: