တိုင်ဖွန်းမုန်တိုင်းများသည် သိသာမှုမရှိသော အပျော့စားငလျင်များ ဖြည်းဖြည်းချင်း လှုပ်ခတ်ရန်
အားပေးသည်ဟု သုတေသနပညာရှင်များက Nature ဂျာနယ်တွင် ရေးသားဖော်ပြကြသည်။ တရုတ်တိုင်ပေအနီး
ရှိ ငလျင်ကြောဒေသတွင် တိုင်ဖွန်းမုန်တိုင်းများ တိုတ်ခတ်သောအခါ ကမ္ဘာ့မျက်နှာပြင်တွင် ဖိအားလျော့ကျမှုများ
ဖြစ်ပေါ်သည်။ ထိုအခါ ငလျင်ပြတ်ကြောင်းရှိ ပလိပ်ပြားများ အလွယ်တကူရွှေ့လျားရန် ဖွင့်ပေးသကဲ့သို့ ဖြစ်ပေါ်
သည်။ ထိုအခါ ငလျင်ငယ်တစ်ခု ညင်သာစွာလှုပ်ခတ်၍ ၎င်း၏စွမ်းအင်ကိုစက္ကန့်အနည်းငယ်အတွင်းတစ်ပြိုင်နက်
တည်း အင်အားပြင်းစွာ ထုတ်လွှတ်မည့်အစား တဖြည်းဖြည်းချင်း နာရီပေါင်းများစွာကြာအောင် ထုတ်လွှတ်သည်
ကို တွေ့ရှိရသည်။ ဤအချက်သည်ပင် ထိုဒေသ၌ ကြီးမားပြင်းထန်သော ငလျင်များလှုပ်လေ့မရှိခြင်းဖြစ်သည်ဟု
၎င်းတို့က ယုံကြည်ကြသည်။ အမေရိကန်နိုင်ငံ ကာနေဂီသိပ္ပံပညာဌာနမှ ပညာရှင်များသည် တရုတ်တိုင်ပေကျွန်း
၏ အရှေ့ဘက်ရှိ tectonic ပလိပ်ပြားနှစ်ခု ရွှေ့လျားမှုကို လေ့လာပြီးနောက် ဤကဲ့သို့ တွေ့ရှိခြင်းဖြစ်သည်။ မြေ
အောက်တိုင်းတာရေး ကိရိယာဖြင့် ဖြေးညှင်းစွာ လှုပ်ခတ်သော ငလျင်ပေါင်း ၂၀ ကို လေ့လာချိန်တွင် ၁၁ ခုသည်
တိုင်ဖွန်းမုန်တိုင်းကျရောက်ချိန်နှင့် တစ်ထပ်တည်းဖြစ်သည်ကိုတွေ့ရသည်။ (ဘီဘီစီ)
0 comments:
Post a Comment