ကမ္ဘာ့ ပထမဆုံး မျက်နှာနှင့် လက်အစားထိုး ခံယူသူ သေဆုံး
16/Jun/2009
ကမ္ဘာ့ပထမဆုံး မျက်နှာနှင့် လက်နှစ်ဖက် အစားထိုးကုသမှု ခံယူထားသော ပြင်သစ်နိုင်ငံသားသည်
နောက်ဆက်တွဲခွဲစိတ်ကုသမှုတစ်ရပ်၌ နှလုံးလှုပ်ရှားမှု ငြိမ်သက်ရာမှ သေဆုံးခဲ့ပြီဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူ
များက ဆိုသည်။ မီးလောင်ဒဏ်ရာများ ဆိုးဆိုးဝါးဝါး ရရှိထားသောအဆိုပါအသက် ၃၀ အရွယ်ပြင်သစ်နိုင်ငံသား
အား ပြီးခဲ့သည့် ဧပြီလတွင် ပဲရစ်မြို့အနီးရှိ ဆေးရုံတစ်ရုံ၌ အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့သော်လည်း ခွဲစိတ်
ပြီးနောက် တွေ့ကြုံရသည့် မျက်နှာပြင်ဆိုင်ရာ အနာရင်းမှုကို နောက်ဆက်တွဲ ထပ်မံခွဲစိတ်ရာမှ နှလုံးလှုပ်ရှားမှုမ
အား ခွဲစိတ်ကုသမှုသည် ဆေးပညာသမိုင်း၌ မျက်နှာနှင့် လက်နှစ်ဖက်ကို ပထမဆုံးအကြိမ် တပြိုင်နက်တည်းအ
စားထိုးကုသနိုင်မှုဖြစ်သည်။ (အေအက်ဖ်ပီ)
0 comments: