ထိုးခြင်အုံးဟဲ့ ဆေးမှင်ကြောင်


ဆေးမှင်ကြောင် ထိုးပေးတဲ့သူ



ဒီပုံမှာမြင်ရတဲ့ မျက်နှာ ကြယ်ပုံတွေ ကို ဆေးမှင်ကြောင် ထိုးထားတဲ့ အမျိုးသမီးရဲ့ အဖြစ်ကတော့ ရယ်ခြင်စရာဘဲ။ သူက ဆေးမြင်ကြောင်ထိုးတဲ့လူကို စတာလင်ပေါင် ၅၅ ပေါင်ပေးပြီး နား ဘေးနားမှာ ကြယ်လေးသုံးလုံး ထိုးခိုင်းတာပါ။ တကယ်တမ်းဖြစ်လာတော့ ကြယ်က ၅၆ လုံးတောင်ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာလို စုတ်နဲ့ထိုးရင်တော့သိမှာပေါ့ အခုက လေဆာ နဲ့ ထိုးလို့နာမှန်းမသိတာလားတော့ ကျွန်တော်လဲမသိဘူး။


အဲ့ဒီအမျိုးသမီးကတော့ အင်္ဂလိပ်လို ကောင်းကောင်း မပြောတတ်ဘဲ ပြင်သစ်လိုဘဲ ပြောတတ်တယ်လို့ပြောပါတယ်။ သူပြောတာကို နားလည်မှု့လွဲပြီး ဒီလိုဖြစ်သွားတာလည်းဖြစ်နိုင်ပါတယ်။ ဒီမျက်နှာပေါ်က ကြယ် ၅၆ လုံးကိုပြန်ဖျက်ခြင်ရင်တော့ စတာလင်ပေါင် ၅၈ဝဝ လောက်ကျမယ်လို့ မျက်နှာခွဲစိတ်ပေးမဲ့ ဆရာဝန်ကပြောပါတယ်။ ဒါကြောင့် စတာလင်ပေါင် ၁ဝဝဝဝ ပြန်ပြီး လျှော်ကြေးပေးဖို့ တရားရုံးမှာတိုင်ထားတယ်လို့သိရပါတယ်။


0 comments: