တံငါ ပိုက်ကွန်ထဲက မပေါက်ကွဲ သေးသော ဒုံးကျည်





10/Jun/2009





အမေရိကန်စီးပွားဖြစ်တံငါသည်တစ်ဦးသည် ဖလော်ရီဒါပြည်နယ်၌ ဝေဟင်မှဝေဟင်ပစ် ဒုံးကျည်
တစ်စင်းကို ၎င်း၏ငါးဖမ်းပိုက်ထဲ၌ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ တွေ့ရှိကြောင်းသိရသည်။ငါးဖမ်းသင်္ဘောကပ္ပတိန်
မစ္စတာ Rodney Solomon သည် ဖလော်ရီဒါပြည်နယ် ပနားမားစီးတီးကမ်းလွန်မိုင် ၅၀ ခန့်အကွာရှိ မက္ကဆီကိုပင်
လယ်ကွေ့၌ အဆိုပါဒုံးကျည်ကို ငါးဖမ်းပိုက်ကွန်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မစ္စတာ Solomon သည်ယင်းသို့
တွေ့ရှိပြီးနောက် ပေါက်ကွဲပြီးသားဒုံးကျည်ဟု ယူဆ၍ ၎င်း၏ ငါးဖမ်းသင်္ဘောပေါ်တွင် အမှတ်တရ ပစ္စည်းအဖြစ်
၁၀ ရက်ကြာသိမ်းဆည်းထားခဲ့သည်။ ၎င်းနောက် ပင်လယ်ခရီးမှ ပြန်အရောက်တွင်ယင်းအဖြစ်အပျက်အားသက်
ဆိုင်ရာသို့ အစီရင်ခံတင်ပြခဲ့ရာ ဒုံးကျည်သည် အချိန်မရွေး ပေါက်ကွဲနိုင်သဖြင့် တုန်လှုပ် ချောက်ချားဖွယ်ရာဖြစ်
ကြောင်း ဒေသန္တရမီးသတ်ဌာနအကြီးအကဲ တစ်ဦးက ဘီဘီစီသတင်းဌာနသို့ ထုတ်ဖော်ပြောကြားသည်။ Sidew-
inder ဟု အမည်ရသည့် အဆိုပါဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်အားတာဝန်ရှိသူများကဘေးလွတ်ရာသို့ရွှေ့ပြောင်း
ထားသည်။ (ဘီဘီစီ)



1 comments:

သားကြီး said...

တော်တော်ပိန်းတဲ့တံငါသည်ပဲ ဒုံးကျည်ကိုပဲအမှတ်တရသိမ်းရတယ်လို့ ထပေါက်နေမှဟုတ်ပေ့ဖြစ်နေဦးမယ် :P