ဒီတစ်ခါဖော်ပြမဲ့ အဆိပ်ပြင်းသတ္တဝါကတော့ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ဖြစ်တဲ့ (Inland Taipan) အင်လန်တိုင်ပန် ဆိုတဲ့ မြွေဘဲဖြစ်ပါတယ်။ ဒီမြွေတွေကိုတော့ သြစတေးလျနိုင်ငံ တောင်ဖက်ပိုင်းအခြမ်းမှာတွေ့ရှိရတာဖြစ်ပါတယ်။ ဖြစ်ခြင်တော့ ဒီမြွေက လူကိုအင်မတန်ကြောက်တဲ့မြွေ ပါ။ လူတွေနဲ့ မတွေ့အောင်၊ လွတ်တအောင် အမြဲတမ်းရှောင်ပါတယ်။ ဒါကြောင့်လဲ မှတ်တမ်းများအရတော့ ဒီမြွေ အကိုက် ခံ ရလို့ သေတဲ့သူဆိုတာ မရှိသေးပါဘူး။ အရွယ်အစားအနေအဖြင့်ကတော့ အရှည် ၂ မီတာခွဲ (၇ ပေ)ကျော် အထိ ရှည်တတ်ပါတယ်။
လေ့လာချက်များအရတော့ ဒီမြွေရဲ့ အဆိပ်ကတော့ ဘယ်လောက်ပြင်းသလဲဆိုရတော့ သူ့တစ်ခါကိုက်လိုက်လို့ ထုတ်လိုက်တဲ့အဆိပ်ဟာဆိုရင် လူ အယောက် ၁ဝဝ ကို သေစေနိုင်သလို ကြွက်အကောင်ရေပေါင်း နှစ်သိန်းခွဲ ကို တခါတည်းဖြင့် သေစေနိုင်လောက်အောင်ပြင်းပါတယ်။ သူအဆိပ်ကို မိခဲ့မဲ့လူတစ်ယောက်ဟာဆိုရင် ၄၅ မိနစ်ထက် ပိုပြီး အသက်ရှင်စရာ အကြောင်းလုံးဝမရှိပါဘူး။ ဆေးလဲကုစရာမရှိပါဘူး အကိုက်ခံရဖူးတဲ့သူမှမရှိတာကို ဘာလို့ဆေးဖော်ရမှာလဲ ဟီးဟီး)
ဒီမြွေတွေဟာ ခြောက်သွေ့ပြီး အမှောင်ကျတဲ့ တွင်းနက်များ နှင့် ပက်ကြားအက် များကြားတွင် အများဆုံးနေထိုင်တတ်ပြီး ကြွက်နှင့် အခြား သတ္တဝါငယ်များကို ဖမ်းယူစားသောက်ပါတယ်။ အညို ပုတ်ရောင်ဖြင့် တွေ့ရတတ်သော်လဲ ရာသီဥတုပေါ်မူတည်ပြီး အရောင်းပြောင်းလဲ တတ်ပြီး ၄င်းရဲ့ ခန္ဓာကိုယ်ဟာ နွေရာသီမှာ အပူဓါတ်ကို စုတ်ယူပြီး ဆောင်းဥတုမှာတော့ အပူကို ပြန်လည်ထုတ်ပြီး အနွေးဓါတ်ရအောင် ပြုလုပ်နိုင်ပါတယ်။ ဒီ ကမ္ဘာအဆိပ်အပြင်းဆုံးမြွေရဲ့ အဆိပ်ဟာ မြွေဟောက် တွေရဲ့ အဆိပ်ထက် အဆပေါင်း ၅ဝ ကျော်ပိုပြီး ပြင်းထန်ပါတယ်။
ဒီမြွေတွေဟာ ဥမှ တဆင့်ပေါက်ဖွားတဲ့မြွေဖြစ်ပြီး အရွယ်ရောက် မြွေမ တစ်ကောင်ဟာ ဥချိန်မှာ ဥပေါင်း ၁၂ လုံးမှ အလုံး ၂ဝ အထိ ဥတတ်ပါတယ်။
စိတ်ဝင်စားဖွယ် အကျဉ်းချူပ်
၁။ အင်လန်တိုင်ပန် ဆိုတဲ့ ဒီမြွေမျိုးဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး မြွေပါ။
၂။ တခါတည်းကိုက်ရုံဖြင့် ထွက်ရှိလာသော အဆိပ်ဟာ ကြွက်အကောင် နှစ်သိန်းခွဲကို သေစေနိုင်ပါတယ်။
၃။ ဒီမြွေတွေဟာ လူကြောက်တတ်တဲ့မြွေဖြစ်ပြီး လူတွေနဲ့ မတွေ့အောင် အမြဲတမ်းရှောင်တတ်လို့ သူကိုလို့သေတဲ့လူဆိုတာ မှတ်တမ်းများအရတော့ မရှိသေးပါဘူး
၎။ ရာသီဥတုပေါ်လိုက်ပြီး အရောင်ပြောင်းလဲတတ်တဲ့မြွေဖြစ်ပါတယ်။
၅။ သူ့ရဲ့ အကြိုက်ဆုံး အစားအစာ ကတော့ ကြွက်ဖြစ်ပါတယ်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment