နေစွမ်းအင်သုံး လေယာဉ်ငယ်ဖြင့် ကမ္ဘာတစ်ပတ် ပျံသန်းမည်


26/Jun/2009

ဆွစ်လူမျိုး စွန့်စားသူမစ္စတာ ဘားထရမ်ပစ်ကပ်သည် ၎င်းအနေဖြင့် စီးနင်း၍ ကမ္ဘာပတ်ရန်
ရည်ရွယ်သော နေစွမ်းအင်သုံး လေယာဉ်ငယ်တစ်စင်း၏ ရှေ့ပြေး ပုံစံငယ်တစ်ခုကို တည်ဆောက်လျက်ရှိသည်။
၎င်းလေယာဉ်ငယ်သည် အတောင်ပံအလျား ၆၁ မီတာရှိ၍ 1500 kg သာလေးသည်။ လေယာဉ်ငယ်၏ အမည်ကို
XB-SIA ဟု အမည်ပေးထား၍ စက်မဲ့လေယာဉ် ဂလိုင်ဒါနှင့် လွန်စွာဆင်တူသည် ၎င်း လေယာဉ်ကို အလွန်ပေါ့ပါး
သော သတ္တုစပ်များဖြင့် တည်ဆောက်ထား၍ စွမ်းအားမြင့် နေစွမ်းအင်သုံး ဆဲလ်များ၊ ဘက်ထရီများနှင့် မော်တာ
များပါဝင်သည်။ နောက်ဆုံးပေါ် နည်းပညာများကြောင့် နေရောင်ခြည်မရှိသည့် ညဘက်တွင်ပါပျံသန်းနိုင်မည်ဖြစ်
သည်။ မစ္စတာပစ်ကပ်သည် ၁၉၉၉ ခုနှစ်တွင် ဓါတ်ငွေ့ပူပေါင်းကို စီးနင်း၍ ကမ္ဘာကို ပတ်ပြသဖြင့် ရာဇ၀င်တွင်ခဲ့
သူဖြစ်သည်။ ၎င်းတည်ဆောက်ထားသော ယာဉ်ငယ်ဖြင့် ၂၀၁၂ ခုနှစ်တွင် အတလန္တိတ် သမုဒ္ဒရာကိုဖြတ်ကျော်၍
ပျံသန်းပြမည်ဖြစ်သည်။ လေယာဉ်ငယ်သည် ပျမ်းမျှခြင်း တစ်နာရီလျှင် ၁၂ knot နှုန်း ကမ္ဘာတစ်ပတ်အတွက် ၂၅
ရက်ခန့် ကြာမြင့်မည်ဖြစ်သည်။ (ဘီဘီစီ)


0 comments: