ကမ္ဘာ့ရှားပါး မျိုးနွယ်ဝင် ဘင်္ဂလား ကျားဖြူတစ်ကောင်သည် တိရစ္ဆာန်ရုံ ၀န်ထမ်းတစ်ဦးအား ကိုက်သတ်ခဲ့မှု နယူးဇီလန် နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။ ဒေသခံ သတင်းမီဒီယာများက မေလ(၂၇)ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါ ထိတ်လန့်ဖွယ် ဖြစ်ရပ်သည် အုတ်ကလန်မြောက်ဘက် မိုင်(၂၀၀)ကျော် ကွာဝေးသည့် ၀မ်ဂါရီမြို့တော် သဘာဝ သားရဲတိရစ္ဆာန် ထိန်းသိမ်းရေး ဥယျာဉ်အတွင်း ပေါ်ပေါက်ခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။ နယူးဇီလန် သတင်းဌာနက ကျားရုံအတွင်း ၀န်ထမ်း(၂)ဦး ၀င်ရောက်နေစဉ် အဆိုပါကျားက တစ်ဦးအား ရုတ်တရက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြားဝန်ထမ်းမှာ ကူညီရန် အခွင့်မသာခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
(ရှားပါးမျိုးနွယ်ဝင် ဘင်္ဂလားကျားဖြူ)
အဆိုပါ တိုက်ခိုက်မှုကို ကမ္ဘာလှည့် ခရီးသည် အဖွဲ့တစ်ဖွဲ့က မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။ ထို့နောက်တွင်မူ တိရစ္ဆာန်ဥယျာဉ်ကို ပိတ်လိုက်ပြီး ကျားဖြူကိုလည်း ပစ်သတ်လိုက်ကြောင်း သိရသည်။ ရဲဌာနကသည် ယခုဖြစ်ပွားခဲ့သော လူသေမှုအတွက် စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။ ထိုဥယျာဉ်အတွင်း မွေးမြူထားသည့် ကျားဖြူတစ်ကောင်သည် ယခုနှစ် အစောပိုင်းက ၀န်ထမ်းတစ်ဦးကို တိုက်ခိုက်ခဲ့သေးပြီး ထိုသူသည် ဒူးခေါင်းတွင် ဒဏ်ရာရသဖြင့် ခွဲစိတ်မှု ခံယူခဲ့ရသည်။ ကျားဖြူများသည် ကမ္ဘာ့အရှားပါးဆုံး မျိုးနွယ်ဝင် တိရစ္ဆာန်များဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ကောင်ရေ(၁၂၀)မျှသာ ရှိကြောင်း သိရသည်။ ယခုတိရစ္ဆာန်ဥယျာဉ်သည် ကမ္ဘာတလွှားမှ မျိုးသုဉ်းလုနီးပါးနှင့် ရှားပါးလွန်းလှသည့် ကျားနှင့်ခြင်္သေ့မျိုးစိတ်များမှ ကောင်ရေ(၄၂)ကောင်ထိ ထိန်းသိမ်းမွေးမြူထားပြီး ကျားဖြူတိုက်ခိုက်သဖြင့် သေဆုံးသွားသော ၀န်ထမ်းသည် ကရိတ်ဘတ်ခ်ျဆိုသူဖြစ်ကြောင်း၊ ထိုသူသည် တိရစ္ဆာန်ထိန်းသိမ်းမှု လုပ်ငန်းပိုင်းတွင် ထူးချွန်သူဖြစ်ပြီး “ခြင်္သေ့လူ”ဟုပင် နာမည်ပြောင်ရထားကြောင်း သတင်းရရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment