ပင်လယ်ဓါးပြများ အိုမန်နိုင်ငံ ရေပိုင်နက်ထိ နယ်ချဲ့





13/Jun/2009






ယမန်နေ့က အိုမန်နိုင်ငံ ကမ်းခြေမှ ရေမိုင် ၆၀ ကျော် ကွာဝေးသော ပင်လယ်ပြင်တွင် အင်တီဂွာအလံလွှင့်
ထူထားသော MV ရှာလေးအမည်ရှိကုန်တင်သင်္ဘောတစ်စီးအား ဆိုမာလီပင်လယ်ဓါးပြများကတိုက်ခိုက်အပိုင်
စီးခဲ့ကြသည်။ မူလကျက်စားရာ ဆိုမာလီကမ်းလွန်မှအပြင်ဘက်တစ်နေရာသို့ ပင်လယ်ဓါးပြတို့နယ်ချဲ့ခြင်းဖြစ်
သည်ဟု တပ်မှူးဖန်နန်ဒက်ကပြောဆိုသည်။ ၎င်းသင်္ဘောအား ဆိုမာလီသို့မောင်းနှင်ခေါ်ဆောင်သွားကြသည်။
လောလောဆယ်တွင်ပင်လယ်ဓါးပြများ၏လက်ထက်၌ သင်္ဘော ၁၄ စင်းနှင့် သင်္ဘောသား ၂၀၀ ကျော်ကို ဖမ်း
ဆီးထိန်းသိမ်းထားဆဲဖြစ်သည်။ (ဘီဘီစီ)



0 comments: