Puffer Fish
ကမ္ဘာ အဆိပ်ပြင်းသတ္တဝါများ (၁ဝ) မျိုးထဲက နောက်ဆုံးတစ်မျိုးကိုဖော်ပြရမယ်ဆိုရင်တော့ Puffer Fish ဘဲဖြစ်ပါတယ်။ ဒီငါးကတော့ ကမ္ဘာပေါ်မှာ ဒုတိယ အဆိပ်အပြင်းဆုံး သတ္တဝါလို သတ်မှတ်ထားခြင်းကိုခံရပါတယ်။ ပထမအဆိပ်အပြင်းဆုံးကတော့ golden dart Frog ဖြစ်ပါတယ်။ ဂျပန် နဲ့ ကိုးရီးယား တို့ အဲ့ဒီငါးတွေရဲ့ မျိုးစိတ်မျိုးနွယ်ငါးများဖြစ်တဲ့ fugu မျိုးစိတ်ငါးများရဲ့ အသားကိုစားတာတွေရတတ်ပါတယ်။ (အဲ့ဒီငါးအသားက သိပ်ကောင်းတယ်) ဆိုဘဲ ။ အသားသာ စားကောင်းတာ သူ့ရဲ့ အရည်ခွံနဲ့ အခြား အော်ဂင်များဟာ အလွန် အဆိပ်ပြင်းထန်ပါတယ်။
စားခြင်အောင်တော့လုပ်ထားတယ်
(မကြောက်မလန့်သူတို့မို့) ဒီငါးရဲ့ အဆိပ် ပါးစပ်ထဲ ဝင်သွားရင် ရုတ်တရက် နှလုံးတုန်လာခြင်း၊ အသက်ရှုကြပ်လာခြင်း၊ သွက်ချာဗာဒ ဖြစ်သလိုပြီးဖြစ်ကာ ကြွက်သားများ အားပျော့သွားခြင်းတို့ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ ၂၄ နာရီအတွင်း အသက်ရှုံးဆုံး ခဲ့ရတာကများပါတယ်။ အဲဒီငါးရဲ့ အဆိပ်ကတော့ ဖြေဆေးမရှိပါဘူး။
အဆိပ်ပြင်းပါတယ်ဆိုတဲ့ငါးလဲ နောက်ဆုံးတော့ လူပါစပ်ထဲရောက်တာဘဲ
အများအားဖြင့်တော့ fugu ကို အတွေ့အကြုံမရှိတဲ့ အလုပ်သမားတွေက ဖမ်းပြီး စားသုံးသူတွေအတွက် ပြင်ဆင်ပေးတာကနေ သေဆုံးတာ တွေ့ရပါတယ်။ လေ့လာချက်များအရတော့ ၁၉၉၆ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အတွင်းမှာတော့ အဲ့ဒီငါးရဲ့ အဆိပ် မိခြင်းကို ၂ဝ ကနေ ၄၄ ယောက်အထိတွေ့ခဲ့ရပြီး ပျှမ်းမျှ တစ်နှစ် ၆ယောက်လောက်ကတော့ အသက်ဆုံးရှုံးသွားခဲ့ပါတယ် အားလုံးကလည်း ဂျပန်နိုင်ငံကဘဲဖြစ်ပါတယ်။ ဒါကြောင့်ဒီငါးကိုရောင်တဲ့ဆိုင်မှာ ဒီငါးကိုကိုင်တဲ့သူက သူတို့ အသိအမှတ်ပြုထားတဲ့ လိုင်စင်ရှိတဲ့သူများသာဖြစ်ပါတယ်။
0 comments:
Post a Comment