လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်ကို ကယ်လီဖိုးနီးယား၌ ဆန့်ကျင်ဆန္ဒပြ


Posted on Jun 02 09
လိင်တူချင်းလက်ထပ်ထိမ်းမြားခွင့်ကို ကယ်လီဖိုးနီးယား၌ ဆန့်ကျင်ဆန္ဒပြ



မေလ(၃၁)ရက်နေ့က ထောင်နှင့်ချီသော လိင်တူချင်းထိမ်းမြားခွင့်ကို ဆန့်ကျင်သော ကယ်လီဖိုးနီးယား ပြည်နယ်သားများသည် ဖရန်စ်နိုနှင့် ဆန်ဒိုင်ဂိုတို့တွင် စုရုံးဆန္ဒပြခဲ့ကြသည်။ ကယ်လီဖိုးနီးယား ပြည်နယ်တရားရုံးက လိင်တူချင်း လက်ထပ်ခွင့်ကို မဲအရေအတွက်နှင့် သတ်မှတ်ပြဌာန်းရန် စီစဉ်နေမှုအပေါ် ၎င်းတို့က ဆန့်ကျင်ကြောင်း ဆန္ဒပြသူ တစ်ဦးကဆိုသည်။ ထိုအယူအဆသည် ဘာသာရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရာရောက်ကြောင်းလည်း သမ္မာကျမ်းစာအုပ်ကို ကိုင်မြှောက်ကာ ဆန္ဒပြခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။ Proposition 8ဟု တရားရုံးက သတ်မှတ်ထားသည့် လိင်တူခြင်း လက်ထပ်ခွင့်ကို ကန့်ကွက်သူများသည် ထိုနေ့မတိုင်မီ တစ်ရက်က Gayအခွင့်အရေး လှုံ့ဆော်သူ (၂၀၀)ကျော်တို့က ထိုကိစ္စအတွက် မဲပေးရန် ဖရက်စ်နိုတွင် လိုက်လံစည်းရုံးခဲ့မှုအပေါ် တုန့်ပြန်ခြင်းလည်းဖြစ်သည်။ ဆန္ဒပြသူ တစ်ဦးက ယခုကိစ္စသည် “ယဉ်ကျေးမှု စစ်ပွဲ”တစ်ခုဟု အမည်တပ်ခဲ့သည်။



(လိင်တူချင်းထိမ်းမြားမှုကို ဆန့်ကျင်ဆန္ဒပြသူများ)

ဆက်ကရာမင်တို အခြေစိုက် ပစိဖိတ်ဥပဒေကျောင်းမှ ဆရာတစ်ဦးဖြစ်သူ ဘရတ်ဒက်ကတ်စ်က “တိုက်ပွဲအသစ်တစ်ခု စလာတာပါ။ ဒီကိစ္စဟာ အမေရိကန် လူနေမှုစနစ် တစ်ခုလုံးနဲ့ ဆိုင်နေပါတယ်။ ဒါကိုတားဖို့ ကျွန်တော်တို့ အလျှော့မပေးတမ်း ကြိုးစားကြပါစို့”ဟု အော်ဟစ်နှိုးဆော်ခဲ့သည်။ Gayများသည် လိင်တူခြင်း လက်ထပ်ခွင့်အတွက် အတည်ပြု ပြဌာန်းပေးရန် သမ္မတအိုဘားမား ရွေးကောက်ပွဲ အနိုင်ရချိန်က ကြိုးပမ်းခဲ့သေးသော်လည်း ထိုစဉ်က ကန့်ကွက်မဲ အရေအတွက် ပိုများသဖြင့် ပယ်ချခံခဲ့ရသည်။ မျက်မြင်များ၏ အဆိုအရ လိင်တူချင်းထိမ်းမြားမှုအား ဥပဒေအရ ခွင့်မပြုရန် လူ(၃၀၀၀)မျှသည် ဖရန်စ်နို မြို့နယ်ခန်းမရှေ့တွင် စုရုံးခဲ့ကြကြောင်း သိရသည်။ ထိုကိစ္စနှင့် ပတ်သတ်ပြီး Gayများနှင့် အတိုက်အခံများ ထိပ်တိုက်တွေ့မှု အချို့ရှိခဲ့ပြီး ဖရန်စ်ကို မော်တော်ဆိုင်ကယ် ၀န်ကြီးဌာနဟု အမည်တပ်ထားသည့် Harley-Davidson မော်တော်ဆိုင်ကယ်စီး ခရစ်ယန်ဘာသာဝင် အဖွဲ့တစ်ခုက Gayအခွင့်အရေး တောင်းဆိုသူ (၂၅)ဦးအား ပိတ်ဆို့ခြိမ်းခြောက်မှု တစ်ခုဖြစ်ပွားခဲ့သေးသည်။ သို့သော်လည်း ရဲများရောက်လာပြီး ဖြန်ဖြေပေးသောအခါ မော်တော်ဆိုင်ကယ်သမားများက ငြိမ်းချမ်းစွာ လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။



0 comments: