မြိတ်ကျွန်းစုတွင် သစ်ခုတ်သမားတစ်ဦးကို မိကျောင်းဆွဲသွားကြောင်း သိရှိရသည်။ ဒေသဆိုင်ရာ သတင်းများက မြန်မာနိုင်ငံ တောင်ပိုင်းတွင် တည်ရှိသော အဆိုပါကျွန်းစုမှ အလုပ်သမားတစ်ဦးသည် အလုပ်ခွင်မှ အပြန်တွင် မိကျောင်းဆွဲခံရခြင်းဖြစ်သည်။ ပြီးခဲ့သော သတင်းပါတ်အတွင်းက အသက်(၃၀)အရွယ် ၀င်းနိုင်ဦးဆိုသူ သစ်ခုတ်လုပ်သား တစ်ဦးမှာ အဖော်တစ်ယောက်နှင့်အတူ တူးမြောင်းငယ်တစ်ခုကို ဖြတ်ပြီး သစ်ခုတ်လုပ်ငန်းခွင်မှ အိမ်ပြန်လာချိန်တွင် မိကျောင်းတစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။
(ရေငန်မိကျောင်း)
၎င်းနှင့်အတူ လိုက်ပါလာပြီး ဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့ရသည့် အဖော်မှာမူ လွတ်မြောက်သွားပြီး မိကျောင်းစာဖြစ်မည့်ဘေးမှ ကင်းလွတ်သွားခဲ့သည်။ ၎င်းသည် အနီးအနားရှိ ကျေးရွာသို့ သွားရောက် အကြောင်းကြားခဲ့ရာ ရွာသားများက မိကျောင်းကို မော်တော်ဘုတ်များဖြင့် လိုက်လံရှာဖွေခဲ့ကြသည်။ သို့သော်လည်း နောက်တစ်ရက်ကြာမှ မိကျောင်းကို တွေ့ရှိခဲ့ပြီး သုတ်သင်ခဲ့ကြောင်း သိရသည်။ အရှည်(၅)မီတာ [(၁၆)ပေခန့်]ရှိသော အဆိုပါ မိကျောင်းကြီးအား ရင်ခွဲစစ်ဆေးခဲ့ရာ သစ်ခုတ်သမား၏ ခန္ဓာကိုယ် အကြွင်းအကျန်များကို တွေ့ရှိခဲ့ရကြောင်း ဒေသဆိုင်ရာ သတင်းများက ဖော်ပြခဲ့ကြသည်။ မြိတ်ကျွန်းစုဒေသတွင် ရေငန်မိကျောင်းများ သဘာဝအလျောက် ပျော်မြူးကျက်စားနေလေ့ရှိကြောင်း သတင်းရရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment