အတ္တလန္တိတ် ဖြတ်ကျော် လေယာဉ်ခရီးစဉ် တစ်ခု၌ လေယာဉ်မှူး ရုတ်တရက် သေဆုံး

.
22/Jun/2009

ကမ္ဘာပဉ္စမမြောက်အကြီးဆုံး ကွန်တီနန်တဲလ်လေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်း
ပေါ်တွင် ယမန်နေ့က ပျံသန်းမှုခရီးစဉ်တစ်ခုအတွင်း လေယာဉ်မှူးရုတ်တရက်သေဆုံးသော ဖြစ်တောင့်ဖြစ်ခဲ ကိစ္စ
တစ်ရပ်ပေါ်ပေါက်ခဲ့သည်။ ကွန်တီနန်တဲလ်လေကြောင်းလိုင်းမှခရီးစဉ်အမှတ် ၆၁ ဘိုးအင်း ၇၇၇ လေယာဉ်သည်
ခရီးသည် ၂၄၇ ဦးတင်ဆောင်၍ ဘရက်ဆဲလ်မြို့မှ နယူးယောက်မြို့သို့ ဦးတည် ပျံသန်းလာနေစဉ် လေယာဉ်မှူး
ရုတ်တရက်ဆုံးပါးမှုကြောင့် တွဲဘက်လေယာဉ်မှူးနှစ်ဦးကထိန်းကျောင်းမောင်းနှင်၍နယူးဂျာစီ Newark လေဆိပ်
သို့ ဘေးမသီရန်မခဘဲ သတ်မှတ်ချိန် အတွင်း ဆင်းသက်ခဲ့ကြောင်းသိရသည်။ အဆိုပါခရီးသည်တင်လေယာဉ်၌
တာဝန်ထမ်းဆောင်နေသော လေယာဉ်မှူး (61) နှစ်သည် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟုတာဝန်ရှိ
သူများက သတင်းထုတ်ပြန်သည်။ (အေအက်ဖ်ပီ)


0 comments: