အသက်ရွယ်တူ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ရစဉ်
Khagendra Thapa Magar ဟာ ၂ ပေသာရှိသောအရဖြင့် နောက်လေးလဆိုရင် အမ္ဘာ အရပ်အပုဆုံး သရဖူ ကမ္ဘာဂရင်းနစ် စံချိန်မှာ မှတ်တမ်းတင်ခံရတော့မှာဖြစ်ပါတယ်။ ဘာဖြစ်လို့ နောက်လေးလ ကြာမှလဲဆိုတော့ သက်အသက်က အတိအကျဆိုရင် နောက်လာမဲ့ အောက်တိုဘာလ မှာမှ ၁၈ နှစ်ပြည့်မှာဖြစ်လို့ဘဲဖြစ်ပါတယ်။ Khagendra ကတော့ အခုလောလောဆယ် ကမ္ဘာအရပ်အပုဆုံးလို့ အသတ်မှတ်ခံထားရတဲ့ တရုပ်နိုင်ငံက အရပ် ၂ ပေခွဲ ရှိတဲ့ Ping Ping ရဲ့ သရဖူကို လက်လွဲ ခံယူတော့မှာပါ။ အလေးချိန် (၁ဝ)ပေါင်သာရှိတဲ့ Khagendra ကတော့ နီပေါနိုင်ငံကဖြစ်ပြီး အားလုံးသိတဲ့ လူပုလေးတစ်ယောက် ဖြစ်ပါတယ်။
လူကြီးစီးဖိနပ်နဲ့ယှဉ်ကြီးပါအုံး
၃၃နှစ် ရှိပြီးဖြစ်တဲ့ သူအမေက Khagendra ဟာ မွေးစတုန်းက ဆို (၁)ပေါင်ခွဲသာရှိလို့ ကြက်ဥထဲကနေ ကြက်ကလေးထွက်လာတာနဲ့ဘဲတူတယ်လို့ ပြောပြပါတယ်။ ဆက်လက်ပြီးတော့ သူမက ပထမတော့ သူ့ကြောင့်ကျွန်မ အရမ်းရှက်လို့ အိမ်ထဲက အိမ်ပြင်တောင်မထွက်ရဲဘူး အခုတော့ ဒါတွေမရှိတော့ပါဘူး ကျွန်မသားရဲ့နာမည်က ကမ္ဘာကျော် တင်းနစ် ကစားသမားတစ်ယောက်လို ကမ္ဘာကျော်ခဲ့ရပါပြီ။
သူ့အဖေကတော့ သူ့ကို သွားလေရာရာ အဲ့ဒီအတိုင်းဘဲ သယ်သွားတာ
Khagendra ရဲ့ ဖခင်ကလဲ သူရဲ့ ကျော်ကြားမှု့က နီပေါနိုင်ငံသာမကဘဲ အိန္ဒိယနိုင်ငံအထိတောင် ကျော်ကြားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ အကအဖွဲ့နဲ့လိုက်သွားခဲ့တာကြောင့် သူ့ကိုသူများက သိရှိခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလဲ ကျန်ခဲ့တဲ့နှစ်ထဲ့က ဒီထက်ပိုပြီးမကြီးလာတော့သလို ကျွန်တော်တို့လဲ ဒီထက်ပိုပြီးကြီးလာဖို့ မမျှော်လင့်တော့ပါဘူး။ သူ့ဖခင်က ဆက်လက်ပြီး သူဟာ အလွန်သေးငယ်တဲ့လူလေးတစ်ယောက်ဖြစ်ပေမဲ့လည်း ကျွန်တော်တို့ သူ့အတွက်ဂုဏ်ယူပါတယ်။၂ဝဝ၆ ခုနှစ်တုန်းကလဲ သူ့ ဟာကမ္ဘာ အရပ်အပုဆုံးလူသာတစ်ယောက်ဖြစ်ကြောင်း ဂရင်နစ် စံချိန်ကို လျှောက်ထားခဲ့ဖူးပါတယ် ဒါပေမဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့အတွက် ပယ်ချခြင်းကိုခံခဲ့ရပါတယ်။
အရပ်၂ပေနဲက အလေးချိန် ၁ဝပေါင် သာရှိပြီးအောက်တိုဘာလမှာ ၁၈ နှစ်ပြည့်တော့မယ်ဆိုတဲ့လူပုလေး
ကျွန်တော်တို့ သူ့ကို ဒီလို သတ်မှတ်ခံရဖို့အတွက် ၃နှစ်ခွဲ စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့အခုတော့ မကြာခင်မှာ ကမ္ဘာပေါ်မှာ အရပ်အပုဆုံးလူသားဆိုတဲ့ သရဖူကို ရတော့မှာပါဟု Khagendra ဖခင် က ပြောကြားခဲ့ပါတယ်။ သူ့ဟာအခုတော့ ကလေးငယ်တွေကိုသင့်တဲ့ စာသင်ကျောင်းမှာတစ်ခုမှာ စာသင်နေပါပြီ။ တစ်ပါတ်ကို ကျောင်းငါးရက်တက်ရပြီး စနေနေ့နဲက တနင်္ဂနွေနေ့တွေမှာတော့ သူရဲ့မိဘတွေရဲ့ သစ်သီးရောင်းတဲ့ဆိုင်မှာ သွားရောက်ကူလုပ်ပေးပါတယ်။ Khagendra ကတော့ အိမ်မှာနေတဲ့အချိန်တွေဆို ကျွန်တော်အနှစ်သက်ဆုံးလုပ်တဲ့ အရာကတော့ ကရာတေး ရုပ်ရှင်တွေကိုကြည့်ရတာဘဲဖြစ်ပါတယ်။
လူကောင်သာသေးတာ စားတာတော့လူကြီးအတိုင်းဘဲ
နောက်တော့ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ နာမည်ကျော် အက သမား ဖြစ်တော့မယ်လို့လဲမျှော်လင့်ပါတယ်။ ကျွန်တော့်ဟာ ကမ္ဘာအရပ်အပုဆုံးလူသားအဖြစ် သတ်မှတ်ခံရတဲ့ အချိန်ဆိုရင် ကျွန်တော်အိမ်မက်တွေ ဖြစ်တဲ့ အမေရိကန် နိုင်ငံကို သွားရောက်လည်ပါတ်နိုင်တော့မယ်လို့လည်း မျှော်လင့်နေပါတယ်။ ကျွန်တော်ရဲ့ အကနဲ့ ကရာတေး ပညာ ဘယ်လောက်ကောင်းတယ်ဆိုတာကိုလူတွေကို ကျွန်တော်ပြသခြင်နေပါပြီ။
လက်ရှိ စံချိန်တင်ထားတဲ့ ကမ္ဘာအရပ်အပုဆုံးလူသားနဲက ကမ္ဘာ ပေါင်တန်အရှည်ဆုံး အမျိုးသမီး ကိုတွေ့ရစဉ်
0 comments:
Post a Comment