.
23/Jun/2009
ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ပလပ်စတစ်သည် ပျက်စီးရန် ခက်ခဲပြီး ကမ္ဘာတ၀န်းတွင်
အဆိုးဆုံးသော ညစ်ညမ်းပစ္စည်းဖြစ်သဖြင့် ပလပ်စတစ်အသုံးပြုခြင်းကို ဆန့်ကျင်လျက်ရှိကြသည်။ သို့သော်
တရုတ်တိုင်ပေဒီဇိုင်းပညာရှင်များသည် မကောင်းသဘောဆောင်သည့် ပလပ်စတစ်ဘူးများအား ပတ်ဝန်းကျင်နှင့်
လိုက်လျောညီထွေဖြစ်အောင် အကျိုးရှိအောင် တီထွင်နိုင်ခဲ့ပေသည်။ စွန့်ပစ်ပလစ်စတစ်ပုလင်းများကို အသုံးပြု၍
အဆောက်အဦဆောက်ရာတွင် အသုံးပြုနိုင်သည့် POLLI အုတ်ခဲများကို ဖန်တီးခဲ့သည်။ “ ဒီပုလင်းတွေကိုဘယ်လို
အကျိုးရှိအောင် ပြန်သုံးရမလဲဆိုတာပဲ အမြဲစဉ်းစားနေတယ်၊ ပြီးတော့ လူတိုင်း မြင်တွေ့နိုင်တဲ့၊ချက်ချင်း သတိပြု
မိနိုင်တဲ့ ပစ္စည်းမျိုးလည်း ဖြစ်စေချင်တယ် ” ဟု ပူးပေါင်းတီထွင်ခဲ့သည့် ဒီဇိုင်နာ တစ်ဦးမှဆိုသည်။ POLLI အုတ်ခဲ
များသည် အပူဓါတ်ခံနိုင်ခြင်း၊ အသံလုံခြင်း စသည့် အရည်အသွေးများနှင့် ပြည့်စုံသည်။ POLLI အုတ်ခဲများသည်
တခြားပစ္စည်းများနှင့်လည်းအံဝင်ခွင်ကျရှိသည့်ပုံသဏ္ဍာန်များဖြစ်သဖြင့်အဆောက်အဦဆောက်လုပ်ရာတွင်လည်း
အသုံးပြုနိုင်ပါသည်။ LED မီးချောင်းများနှင့်လည်း တွဲဖက်အသုံးပြုနိုင်သည့်အပြင် သစ်ပင်စိုက်ပျိုးရာတွင်လည်း
သုံးနိုင်ပေသည်။ တရုတ်တိုင်ပေတွင် နှစ်စဉ် စွန့်ပစ်ပလစ်စတစ်ပုလင်းပေါင်း 4.5 ဘီလီယံခန့်ရှိသည်။ ၎င်းအနက်
မှ ပုလင်း 1 သန်းခန့်အား စီးပွားဖြစ်ပစ္စည်းအဖြစ် ပြန်လည်အသွင်ပြောင်းနိုင်တော့မည်ဖြစ်သည်။ (အေအက်ဖ်ပီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment