Kill Bill ဇာတ်ကားနှင့် Kung Fu ဇာတ်လမ်းတွဲများမှ သရုပ်ဆောင်ဒေးဗစ်ကာရာဒင်းအား ဘန်ကောက်တွင် ကြိုးဆွဲချ သေဆုံးလျှက်တွေ့ရှိ
June 4, 2009 ·
၎ ဇွန် ဘန်ကောက်၊ ၊Freedom News Group
David Carradine found dead in Bangkok
၁၉ရ၀ ပြည့်နှစ်များက နာမည်ကျော် လူကြိုက်များခဲ့သည့် ကွန်ဖူး အမည်ရှိ ရုပ်သံဇာတ်လမ်းတွဲတွင်
သရုပ်ဆောင်ခဲ့သည့် အသက် ၇၂ နှစ်အရွယ်ရှိ မင်းသားကြီး ဒေးဗစ်ကာရာဒင်းမှာ ဘန်ကောက်မြို့ရှိဟိုတယ် တစ်ခုတွင်သေဆုံးလျှက်
တွေ့ ရသည် ဟု ဘန်ကောက် ရှိ အမေရိကန် သံရုံးက အေပီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။
ဘန်ကောက် ၀ါယာလက် ရှိ ဖနီလ ဟိုတယ် အခန်းအမှတ် ၃၅၂ တွင် တည်းခိုနေစဉ် အတောအ
တွင်း ဟိုတယ်၏ ခန်းဆီးစတွင် အသုံးပြုသောနိုင်လွန်ကြိုး နှင့် သူ့ ကိုယ်သူ ဆွဲကြိုးချသတ်သေ ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ဘန်ကောက် ရဲ အဖွဲ့ က ဘီဘီစီ သတင်းဌာနသို့ ပြောသည်။
Stretch အမည်ရှိသူ၏ ဇာတ်ကားသစ် ရိုက်ကူးရန် အတွက် ထိုဟိုတယ် တွင် ဇွန်လနှစ်ရက်နေ့ ကတည်းက တည်းခိုနေထိုင် ခြင်းဖြစ်သည်။ ဇွန်လသုံးရက် နေ့ ဆန်ထွန် လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရုပ်ရှင် အဖွဲ့ သားများနှင့် ညစာ စားရန်ဖိတ်ကြားထားသော်လည်း သူလာရောက်နိုင်ညခြင်းမရှိသည် ကို ရုပ်ရှင် အဖွဲ့ သားများက အသက်အရွယ်ကြီးရင့် ၍ ကျန်းမာရေးမကောင်း သောကြောင့်မလာရောက် နိုင်ဟုထင်ခဲ့ကြသည်။
ယနေ့ မနက် အစောပိုင်းတွင် မှ သေဆုံးနေသောသူ၏အလောင်းကို ဟိုတယ် သန့် ရှင်းရေးဝန်ထမ်းတစ်ဦးက တွေ့ ရှိခြင်းဖြစ်သည်။ သူမသေဆုံးခင် မည်သည့် ရုံးရင်း ဆန်ခတ် ဖြစ်ပွားမှုမျိုးမှ မရှိ ဟုရဲ အဖွဲ့ ကအတည်ပြုသည်။
ဒါရိုက်တာ ကွာတင်တာရန်တီနို ရိုက်ကူးခဲ့သည့် Kill Bill ရုပ်ရှင် ဇာတ်လမ်းတွဲ နှစ်ခုလုံးတွင် ဗီလိန်တစ်ဦးအဖြစ် အူမာသာမန်းနှင့် သရုပ်ဆောင် ခဲ့ရာပရိသတ်က သဘောကျခဲ့သည်။၁၉၇၂ ခုနှစ် မာတင်စကော့ ဆက်ဆီရိုက်ကူးသည့် Boxcar Bertha နှင့် Folk အဆိုတော် ၀ူဒီဂူသရီ အကြောင်းရိုက်ကူးခဲ့သည့် Bound of Glory ၁၉၇၆ ကားများမှာ သူ၏ ထင်ရှားသော ဇာတ်ကားများဖြစ်သည်။
ဒေဗစ်ကာရာဒင်းသရုပ်ဆောင်သော ကွန်ဖူးရုပ်သံဇာတ်လမ်းတွဲအားမြန်မာ့ ရုပ်သံမှ ပြသရာလူ ကြိုက်များခဲ့သည်။ဒေးဗစ်ကာရာဒင်း၏ဖခင်ဂျွန်ကာရာဒင်းမှာလည်းနာမည်ကျော်သရုပ်
ဆောင်တစ်ယောက်ဖြစ်ပြီးသူ၏ ညီအကိုများမှာ လည်း ဟောလီဝုဒ်သရုပ်ဆောင် များဖြစ်သည်။
0 comments:
Post a Comment