Appleကုမ္ပဏီက ၎င်းတို့၏ Touchscreen နည်းပညာအသုံးပြု Apple Tabletအမျိုးအစား Laptopကို (၂၀၁၀)တွင် ဈေးကွက်အတွင်း စတင်ဖြန့်ချိမည်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။ Mac OSကို အသုံးပြုမည့် အဆိုပါ ကွန်ပျူတာတွင် Keyboardသက်သက် မပါတော့ဘဲ (၇”-၁၀”)အရွယ် Screen Displayပေါ်တွင် လက်ဖြင့်ထိတွေ့ပြီး ကွန်ပျူတာကို ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။ Appleက ၎င်းတို့၏ Tabletကွန်ပျူတာသည် iPodနှင့် iPhoneတို့အား ထုတ်လုပ်စဉ်က ဈေးကွက်ကို ကိုင်လှုပ်နိုင်ခဲ့သလို စွမ်းဆောင်မှုမျိုး ထပ်မံပြုလုပ်ပြနိုင်မည်ဟု မျှော်လင့်နေသည်။
(ပါးလွှာသည့်ဒီဇိုင်းဖြင့် Touchscreen နည်းပညာသုံး Apple Tablet)
iPhoneနှင့်အတူ နာမည်ကြီးလာသော Touchscreenနည်းပညာကို နောက်ထပ် Functionသစ်များစွာ ထပ်မံဖြည့်တင်းပေးထားသည့် Apple Tabletသည် အသုံးပြုသူများအတွက် ကျေနပ်နှစ်သက်မှု အပြည့်အ၀ ရရှိစေမည်ဟု Appleကဆိုသည်။ အဆိုပါ Tabletကွန်ပျူတာကို ရောင်းဈေး ဒေါ်လာ(၅၀၀)မှ (၇၀၀)ကြားခန့် သတ်မှတ်ပြီး ရောင်းချသွားဖွယ်ရှိကြောင်း လေ့လာသူများကဆိုသည်။ Tabletတွင် အသုံးပြုထားသည့် Mac OSမှာလည်း ယခင်သမားရိုးကျ OSများနှင့် ကွဲပြားမည်ဖြစ်ပြီး Touchscreenနည်းပညာနှင့် လိုက်လျောညီထွေဖြစ်အောင် တီထွင်ထားကြောင်း သိရသည်။ Appleသည် နည်းပညာပိုင်းဆိုင်ရာ တော်လှန်မှုများကို ပြုလုပ်ခဲ့ဖူးသည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင်ထားသလို ယခုTabletသည် စနစ်တစ်ခုလုံး Touchscreenဖြင့် ဖန်တီးအသုံးပြုနိုင်မည့် ပထမဆုံး Laptopဖြစ်လာမည်ဟု Appleပရိသတ်များက ယုံကြည်လျက်ရှိသည်။
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment