အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ဘက် မိုင် ၈၀ အကွာရှိ လာဟွန်း ပိရမစ်ကြီး၏ အနီးအနားတွင်
ရှေးဟောင်း အီဂျစ်သင်္ချိုင်းဂူတစ်ခုကို ရှေးဟောင်းသင်္ချိုင်းသုတေသနပညာရှင်များရှာဖွေတွေ့ရှိခဲ့သည်။၎င်းဒေသ
တွင် တွေ့ရှိရသော ရှေးဟောင်းမြေအိုးအကွဲများအား လေ့လာခြင်းဖြင့် ၎င်းသင်္ချိုင်းဂူသည် ပိရမစ်မတည်ဆောက်
ခင် နှစ်ပေါင်း ၁၀၀၀ ခန့် စော၍ တည်ရှိခဲ့သည်ဟု သိရှိရသည်။ ဂူအတွင်းမှ ရှေးဟောင်း လှေခါးတစ်ခုနှင့် ခေါင်း
တလားတစ်ခုကို တွေ့ရှိရသည်။ သစ်သားဖြင့် ပြုလုပ်ထားသော ခေါင်းတလားတွင် အသက် (၄၀) အရွယ် အမျိုး
သားတစ်ဦး၏ ရုပ်ကြွင်းကို တွေ့ရှိရသည်။ ထို့ပြင် နတ်များအားပူဇော်သော စားပွဲတစ်လုံး၊ မှီအုန်းတစ်ခု၊ လှံတိုနှစ်
ချောင်းနှင့် ထင်းရူးသားဖြင့်ပြုလုပ်ထားသော အိမ်ယာ တစ်ခုကိုတွေ့ရသည်။ ၎င်းတို့ကို လေ့လာ၍ ထိုအချိန်က
အီဂျစ်တို့၏ လက်သမားအတတ်ပညာကို ပိုမိုသိရှိရမည်ဟု ဆိုသည်။ (ဘီဘီစီ)
0 comments:
Post a Comment