7/May/2009
သြစတြေးလျနိုင်ငံ Great Barrier သန္တာကျောက်တန်းအပါအ၀င် Hamilton ကျွန်းစုကို ထိန်းသိမ်း
စောင့်ရှောက်ရန် ခေါ်ယူထားသော ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်ရာထူးကို အင်္ဂလန်နိုင်ငံဟင့်ရှိုင်းယားပြည်
နယ်သား အသက် ၃၄ နှစ်အရွယ်ရှိ ဘင်ဆုသောအား ရွေးချယ် ခန့်ထားလိုက်သည်။ ရာထူးသက်တမ်းမှာခြောက်
လဖြစ်၍ ကျွန်းပေါ်တွင် နေထိုင်ရန် အိမ်တစ်လုံး၊ ရေကူးကန်နှင့် ဂေါက်သီးရိုက် ကရိယာများ ရရှိမည်ဖြစ်သည်။
ကျွန်းပတ်လည်အား နေ့စဉ်လှည့်လည်၍ ရေကူးခြင်း၊ ရေငုပ်ခြင်း၊ ကျွန်းသားများနှင့် မိတ်ဆွေဖွဲ့စကားစမည်ပြော
ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ ထို့နောက် ပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်
ရွက်ချက်များကို ၀က်ဘ်ဆိုက်တွင် ဓါတ်ပုံဝေေ၀ဆာဆာဖြင့် ရေးသား တင်ပြရမည်ဖြစ်သည်။ ၎င်း၏လစာမှာ သြစ
တြေးလျ ဒေါ်လာ ၁၅၀၀၀၀ ဖြစ်သည်။ (ဘီဘီစီ)
မြန်မာ့ခရီးသွားတိုးတက်ရေး အကူအညီရဖို့ အလားအလာကောင်း
11 years ago
0 comments:
Post a Comment