လူနာတစ်ဦး ဆေးခန်းတွင် သွားသုံးချောင်း နုတ်ပြီးနောက် သွေးထွက်လွန်ကာ သေဆုံး

အသက် ၃၈နှစ်အရွယ်ရှိ ပေါ လင်းကိုးလ်ဆိုသူသည် သွားဆရာဝန်ထံတွင် သွားသုံးချောင်းနုတ်ပြီးနောက် သွေးထွက် လွန်ကာ သေဆုံးခဲ့သည်ဟုဆိုသည်။ သူမ သည် Minchead ရှိ သွားနှင့်ခံတွင်းကုသ သောဆေးခန်းတွင် ထုံဆေးထိုး၍ သွားသုံး ချောင်းနုတ်ခဲ့ပြီးနောက် နာရီပေါင်းများစွာ သွေးထွက်နေခဲ့ခြင်းဖြစ်သည်။ သေမှုသေ ခင်း စစ်ဆေးမှုမှတ်တမ်းအရ မစ္စကိုးလ်သည် အသည်းရွတ်ရောဂါရှိနေသည့်အတွက် သွေး ခဲခြင်းမရှိသည့်ပြဿနာကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။
မစ္စကိုးလ်သည် အရက်ချိုးတစ်ဦး ဖြစ်ပြီး သူမ၏ အဆက်မပြတ်သွေးထွက်နေ မှုကို ဆေးရုံကြောက်သည့်စိတ်ကြောင့် ဆေး


ရုံသို့ သွားရောက်ကုသရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။ သူမအနေဖြင့် သွေးထွက်လွန် ကာ အိပ်ရာထက်တွင် တစ်ကိုယ်လုံးအေးစက် ၍ စကားမေးမရဖြစ်နေသည့်အချိန်တွင် သူမ ၏သမီး ကာရင်နှင့် သူမ၏အိမ်ထောင်ဖက် မစ္စတာဂစ်ဘွန်တို့က သူမအား အသက်ကယ် တင်နိုင်ရန်ကြိုးစားခဲ့သော်လည်း မအောင် မမြင်ဖြစ်ခဲ့ရသည်။
မစ္စကိုးလ်သည် ၂၀၀၇ခုနှစ်က လည်း သွားလေးချောင်းနုတ်ကာ သွေးမရပ် မနားထွက်နေခဲ့သည့်အတွက် အရေးပေါ် ဆေးရုံတက်ရောက်ကုသခဲ့ရဖူးသည်။ သူမ အား သွားနုတ်ပေးသော သွားဆရာဝန်က မစ္စကိုးလ်၏ သွားသုံးချောင်း ပိုးစားဆွေးမြည့် နေသည့်အတွက် နုတ်ပေးခဲ့ရကြောင်း၊ သူမ တွင် အသည်းရွတ်ရောဂါရှိနေမှန်းမသိခဲ့ရ ကြောင်း၊ သွားနုတ်ပြီးနောက် သူမအား သွေး တိတ်စေရန် ဂွမ်းစကိုက်ထားစေခဲ့ကြောင်း၊ လိုအပ်ပါက ကြိုတင်ကာကွယ်ရေးအကြံပေး စာရွက်ကိုပါပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ရေနှင့်အရက်ကို သောက်သုံးခြင်းမပြု ရန်၊ သွေးမရပ်မနားထွက်နေပါက ဆေးဝါး ကုသမှုကိုခံယူရန် အကြံပြုခဲ့သည်ဟုဆိုသည်။
သမီးဖြစ်သူကာရင်က သူမ၏မိခင် သည် ထိုနေ့က ပျို့အန်၍ ပါးစပ်ထဲတွင် သွေး များဖြင့် ပြည့်နေခဲ့ကြောင်းပြောခဲ့သည်။ မစ္စ တာဂစ်ဘွန်ကလည်း မစ္စပေါလင်း အရက် သောက်ထားခြင်းရှိမရှိ မသိရကြောင်း၊ သွေး တရစပ်ထွက်နေခြင်းကို အဘယ်ကြောင့် ဆေး ကုသမှုမခံယူသည်ကို နားလည်နိုင်ခြင်းမရှိ ကြောင်း၊ စင်စစ် မစ္စပေါလင်းအနေဖြင့် ဆေး ရုံသာ သွားရောက်၍ သွားနုတ်သင့်ကြောင်း၊ မလိုအပ်ဘဲစွန့်စားမှုပြု၍ သေဆုံးရခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

0 comments: